Selsey က Kai ကိုလှမ်းမေးလိုက်တယ်။

Kai..."ကောင်းတာပေါ့...အရသာရှိတာတွေသွားစားကြမယ်ဟေ့..."

မုန့်ရန်.."ဒါဆို တောင်ပေါ်စျေးကို သွားကြမယ်...ခရီးသွားတွေဆို အဲ့စျေးကအစားအသောက်တွေကို အကြိုက်ကြတာ..."

သေချာဆုံးဖြတ်ပြီးတာနဲ့ သုံးယောက်သားတောင်ပေါ်စျေးရှိရာဆီ ချီတက်ခဲ့ကြတယ်။

တောင်ပေါ်စျေး အဝင်ဝကတည်းက Selsey တစ်ယောက် စိတ်ဝင်စားစရာတွေကို မြင်ပြီး အရမ်းတွေပျော်နေရှာတယ်...

"ဝိုးးး စိတ်ဝင်စားစရာတွေအများကြီးပဲ....ဒါတွေအကုန်လုံးက စားလို့ရတာတွေကြီးပဲလား??"

Selsey က မှိုရိုင်းတွေရောင်းတဲ့ ဆိုင်လေးဆီပြေးသွားပြီး မုန့်ရန်နဲ့ Kai ကို လှည့်ပြောလိုက်တယ်။

"ကြည့်ပါဉီးကွာ...ဘယ်လောက်ချစ်စရာကောင်းလိုက်လဲ??နတ်သမီးပုံပြင်တွေထဲက နတ်သူငယ်လေးတွေနေတဲ့ အိမ်လေးတွေနဲ့ မတူဘူးလား?"

Kai ကလဲ Selsey ဘေးမှာ စောင့်ကြောင့်ထိုင်လိုက်ပြီး ချစ်ဖို့ကောင်းတဲ့ မှိုပွင့်လေးတွေကို ရွေးနေတယ်။ပုံမှန်ဆိုရင် မှိုတွေ​က လှလေ အဆိပ်ပြင်းလေပါပဲ..သို့ပေမယ့် အခုလို တရားဝင်ရောင်းချနေတဲ့ မှိုတွေအကုန်လုံးက စားလို့ရတာတွေကြီးပါပဲ...သူတို့နှစ်ယောက်စလုံး ​ဒီလိုလှပတဲ့ မှိုပွင့်လေးတွေရဲ့ အရသာကို မြည်းစမ်းချင်နေပြီလေ...

[TN: မနက်လေးနာရီမှာပွင့်တဲ့ မှိုတွေနဲ့တော့ အမှားလိုက်ကြပါနဲ့ ရှင်တို့အကြောင်းကျုပ်ပဲသိတယ်။ မှိုဆိုတာနဲ့ အတွေးတွေ မီးပျက်နေကြပြီမလား?😏]

မုန့်ရန်ကတော့ သူတို့နှစ်ယောက်ကို ကလေးတစ်ယောက်လို ဖြူစင်အပြစ်ကင်းတဲ့ အပြုံးတွေနဲ့ပြုံးပြီးကြည့်နေလိုက်တယ်။

ဆိုင်ပိုင်ရှင် အဖွားက ဒီလိုချောမောတဲ့ လူငယ်လေးနှစ်ယောက်ကို ပြုံးပြီးကြည့်နေတယ်။သူ့သားသက်စွန့်ဆံဖျားရှာဖွေထားတဲ့ မှိုတွေကို ကြုံသလို လျှောက်ကိုင်နေတာကို စိတ်ဆိုးမိပေမယ့် ချစ်စရာကောင်းတဲ့ လူငယ်လေးနှစ်ယောက်ကိုတော့ စိတ်မဆိုးရက်ဘူးဖြစ်နေတယ်။

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now