2.1(ဘေဘီကောရဲ့ နှလုံးရောဂါက ဒါနဲ့မသက်ဆိုင်ဘူး)

Start from the beginning
                                    

တကယ်တော့ ချန်လီကောက လုကျစ်ရန်လို
အရွယ်နဲ့မလိုက်အောင် ထူးချွန်ပြီး သူလိုချင်တာကို ရအောင်ယူတတ်တဲ့ သူမျိုးကို လေးစားမိတယ် သူက ချန်လီကော သဘောကျခဲ့တဲ့ထိုလူနဲ့တူတာကိုး

ဒါပေမဲ့ ဒီလိုလူမျိုးတွေက စည်းကမ်းလည်း ကြီးပြီး သူတို့ရဲ့စိတ်ခံစားချက်တွေကို သိပ်ထိန်းချုပ်တတ်ကြတယ်

လုကျစ်ရန်လည်း ဒီလိုလူမျိုးပဲ သူ့စိတ်ကို
အပြင်မှာ ဘယ်တော့မှ ထုတ်မပြတတ်ဘူး

ဥပမာအားဖြင့် ချန်လီကောက spongebob ကြည့်ချင်တယ် လုကျစ်ရန်က သူ့ကိုနာရီနဲ့ ကြည့်ခိုင်းတယ်

အိမ်တော်ထိန်းကြီးက သူ့အလိုလိုက်ပြီး
ဘယ်လောက်ကြာကြာ ကြည့်ခိုင်းတယ်

ဒါပေမဲ့ လုကျစ်ရန်နဲ့အတူ ကြည့်ရရင်တော့ တစ်နာရီကြာတာနဲ့TVကိုပိတ်လိုက်တယ်

ချန်လီကောက မျက်ရည်တွေပြည့်နေတဲ့
သနားစဖွယ်မျက်လုံးလေးနဲ့
"ဖေဖေ"လို့ပြောလိုက်တယ်

"လိမ်မာနော် မငိုပါနဲ့ ဖေဖေမင်းကို ယူနီကွန်းစီးခိုင်းမယ်လေ"

ယူနီကွန်းဆိုတာ အိမ်အပေါ်ထပ်မှာရှိတဲ့ ချားကွင်းကိုပြောတာပါ လုကျစ်ရန်က သူ့သားလေ့ကျင့်ခန်းလုပ်နိုင်ဖို့ ဂရုတစိုက် လုပ်ပေးထားတာ
(ဘယ်လိုပြောရမှန်းမသိလို့ အောက်မှာ ပုံထည့်ပေးထားတယ်😁)

"သားအဲဒီအရူးမြင်းကြီးတွေမစီးချင်ဘူး သားကTVပဲ ကြည့်ချင်တာ"

"မင်းဒီမနက်က တစ်နာရီတောင် ကြည့်ပြီးပြီလေ"

ချန်လီကောက မျက်ရည်တွေ ကျလာပြီး
ဝမ်းနည်းလာတယ်

"မင်းနေ့လည်မှာလည်း တစ်နာရီပဲကြည့်ရမယ်နော် အဲဒီကတိဖေဖေ့ကို ပေးမယ်မလား"(သနားစရာလေး 😆)

ချန်လီကောက spongebob ကိုကိုင်ထားပြီး
တစ်ကမ္ဘာလုံးကို ပျောက်သွားသလို ခံစားရတယ်

ချန်လီကောက ဘာမှမပြောတော့ လုကျစ်ရန်က
သူ့သားကို အပေါ်ထပ်ကိုခေါ်သွားတယ်

ချန်လီကောက မြင်းပေါ်မှာ စိတ်ပျက်လက်ပျက်ထိုင်နေတယ်

လုကျစ်ရန်က ခလုတ်ကိုဖွင့်ပေးလိုက်ပြီး
မြင်းရုပ်တွေစတင် လည်ပတ်လာတော့
"သားဆော့ပြီးရင် ဖေဖေ့ကိုလှမ်းပြောနော်"လို့ပြောလိုက်တယ်

Perfect destiny Arc4 မြန်မာဘာသာပြန်Where stories live. Discover now