2.1(ဘေဘီကောရဲ့ နှလုံးရောဂါက ဒါနဲ့မသက်ဆိုင်ဘူး)

Start from the beginning
                                    

လုကျစ်ရန် အခန်းထဲကိုပြန်လာတော့ တွေဝေနေတဲ့သူ့သားကို တွေ့ပြီး "ကျားကျား"လို့ခေါ်လိုက်တယ်

အိပ်ချင်မူးတူးနဲ့ ချန်လီကောက ပြန်ထူးလိုက်တယ် "ဖေဖေ"

"အင်း လိမ်မာတယ် နာတဲ့နေရာရှိသေးလား"

ချန်လီကောက ခေါင်းခါတယ်

လုကျစ်ရန်က သူ့သားကို အပြစ်ရှိတဲ့မျက်ဝန်းတွေနဲ့ ကြည့်လိုက်တယ် တကယ်တော့ သူလည်းပဲ လီယောင်ယောင်နဲ့ ထူးမခြားနားပါပဲ အလုပ်များတာနဲ့ သားကို ဘေးပို့ထားမိတယ်

"ဖေဖေ သားဘယ်တော့ နေပြန်ကောင်းလာမှာလဲ"

လုကျစ်ရန်က ပြုံးလိုက်ပြီး "ကျားကျား နေကောင်းလာရင် ဖေဖေက အိမ်ပြန်ခေါ်သွားပေးမှာပေါ့"

ချန်လီကောက ပြောလိုက်တယ် "အော်"

သူ့သားက ဆူလည်းမဆူညံ ဂျီလည်းမကျတာမြင်ရတော့ လုကျစ်ရန်က စိတာ်မသက်မသာခံစားလာရတယ် သူ့သားအတွက် ဘယ်လို
စီစဥ်ပေးရမလဲ သူမသိတော့ဘူး

လုကျစ်ရန်က သူ့သားခေါင်းကိုဖွလိုက်ပြီး
"ကျားကျား ဖေဖေ့ကို အပြစ်တင်လား"

"ဘာအတွက် အပြစ်တင်ရမှာလဲ"

"ဖေဖေသားကို အဖော်မပြုပေးနိုင်လို့"

"ဖေဖေက ကျားကျားအတွက် ပိုက်ဆံတွေရှာဖို့
အလုပ်လုပ်နေရလို့လေ"

လုကျစ်ရန်က သူ့သားစကားကိုကြားတော့
ငိုတော့မလိုဖြစ်ပြီး သူ့သားကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်လိုက်တယ်

ဒီတစ်ခါဆေးရုံမှာတော့ လုကျစ်ရန်က သူ့ကလေးကို အရုပ်ကလေးပြုစုသလိုမျိုး ဂရုစိုက်တယ်

ချန်လီကောက မင်းသမီးလေးလို ကုသမှုခံယူပြီး
မူလတန်းကျောင်းတက်ရမယ့် အရွယ်တောင်ရောက်လာတယ်

အခုဆိုရင် လုမိသားစုရဲ့ အခြေအနေတွေကလည်း တည်ငြိမ်နေပြီ လုကျစ်ရန်ကလည်း
လုမိသားစုရဲ့ ခေါင်းဆောင် ဖြစ်နေပြီ သူကအခု၂၈နှစ်ရှိနေပေမဲ့ ငယ်ရွယ်နုပျိုနေတုန်းပဲ

ပြီးတော့ လုကျစ်ရန်က ဂုဏ်သိက္ခာလည်း ကြီးပြီး ပညာလည်းရှိတယ်

Perfect destiny Arc4 မြန်မာဘာသာပြန်Where stories live. Discover now