2.1(ဘေဘီကောရဲ့ နှလုံးရောဂါက ဒါနဲ့မသက်ဆိုင်ဘူး)

Start from the beginning
                                    

စဖြစ်တဲ့မနက်၄နာရီမှာပဲ လုကျစ်ရန်က ချန်လီကောကို ဆေးရုံလိုက်ပို့ခဲ့တယ်

ဆေးစစ်ပြီးနောက် ချန်လီကောကို ဆေးတွေအများကြီးသောက်စေတယ် တော်သေးတာက
သူအများကြီး မစားမိလို့ပေါ့

ဆရာဝန်က လုကျစ်ရန်ကို ဆူလိုက်တယ်
"ကိုယ့်ကလေး ဘာနဲ့ဓာတ်မတည့်မှန်း မသိဘဲနဲ့များ မိဘလုပ်နေသေးတယ်!ဓာတ်မတည့်တာက
သေတတ်တယ်နော်!!"

လုကျစ်ရန်က တောင်းပန်လိုက်ပြီး သူ့ကလေးကိုအဖော်မပြုပေးနိုင်လို့ သူ့ကလေး မုန်လာဥနီနဲ့ဓာတ်မတည့်တာ မသိကြောင်း ပြောတယ်

သူစိတ်ပူနေတာသိရတော့ ဆရာဝန်လည်း ဘာမှထပ်မပြောတော့ဘူး

လုကျစ်ရန်တင်မဟုတ်ဘူး ချန်လီကောလည်း
သူ့ကိုယ်သူ မုန်လာဥနီနဲ့ ဓာတ်မတည့်မှန်း မသိဘူး တစ်ခါတုန်းက သူအဲဒါကိုစားပြီးတော့
ရက်ပေါင်းများစွာ မသက်မသာဖြစ်တာပဲ မှတ်မိတယ် ဆရာဝန်ဆေးစစ်လိုက်တော့မှပဲ သူမုန်လာဥနီနဲ့ ဓာတ်မတည့်တာသိပြီး ထမင်းစားပွဲပေါ်မှာ နောက်ထပ်အသီးအရွက်တွေ ဘယ်တော့မှ မတင်ရတော့ဘူး

ဒါပေမဲ့ ချန်လီကောက အသားချစ်သူဖြစ်တာကြောင့် အသီးအရွက်တင်မတင် စိတ်မဝင်စားဘူး

အဲဒီကိစ္စ ဖြစ်ပြီးနောက် ချန်လီကောထပ်ဖျားလာခဲ့တယ်

လုကျစ်ရန်က သူ့ကိုယ်သူအပြစ်တင်နေမိတယ်
အဖေတစ်ယောက်အနေနဲ့ သူ့သားဘာနဲ့ ဓာတ်မတည့်တာကိုတောင်မသိဘဲ ဘေးဖြစ်စေခဲ့တယ်

ချန်လီကော နိုးလာတော့ သူဆေးရုံပေါ်မှာ
လဲလျောင်းနေတယ်
သူကပြောတယ်

"ထုံထုံ ငါ့ကျန်းမာရေးကြောင့် IQတေွတော့ကျတော့မှာပဲကွာ"

system-စိတ်မပူပါနဲ့ အစကတည်းက မြင့်တာမှမဟုတ်တာ

ချန်လီကော-နေမကောင်းတဲ့hostအပေါ်ကို systemတိုင်းက ဒီလိုပဲဆက်ဆံတာလား

system-တခြားsystemတွေတော့ မပြောတတ်ပေမဲ့ ငါကတော့ ဒီလိုပဲ

ချန်လီကော-"..........."

system-ဟီးဟီးဟီး

ချန်လီကော-"..........."
ကြည့်ရတာ သူ့systemတော့ virusဝင်နေပြီထင်တယ်

Perfect destiny Arc4 မြန်မာဘာသာပြန်Where stories live. Discover now