💔39💔(Part1)

Start from the beginning
                                    

"ပိုသနားစရာကောင်းနေတာက ဒီလူပါ
ပျော်နေတာပဲ မြင်ချင်တာ...Hyung ဝမ်းနည်းနေရင်
ကျွန်တော် လမ်းတွေပျောက်တယ်...
တော်လောက်ပြီလေ...."

"ငါဝမ်းနည်းတာနဲ့ မင်းကဘာလို့လမ်းပျောက်တာလဲ"

"သိပ််ချစ်လို့လေ......"

စိတ်မကောင်း၍Joonရင်ခွင်ထဲတိုးနေရင်းမှ
ခိုးပြုံးမိရပြန်သည်။
သိပ်ချစ်တာပဲ......။

စချစ်ရလို့လားမသိဘူး...ကျွန်တော်ဖြင့်
ထားစရာကိုမရှိခဲ့ပါဘူး...။
ချစ်သူရည်းစားသာဖြစ်ခဲ့ကြတာ
တကယ်ချစ်လာပါ့မလား...
စိတ်ထဲရှိရဲ့လားဆိုတဲ့ အတွေးတွေနဲ့
ဖော်မပြခဲ့တာ ကျွန်တော့်မှာလည်းအပူတွေရှိခဲ့တယ်..။

သံသယဝင်လာစရာမဲ့အောင်
မနက်စာစားဖို့ ဒီကောင်လေး ချော့မော့ခေါ်လိုက်ပုံသည်
ကိုယ့်အပေါ်သိပ်ခခယယ ချစ်ချစ်ခင်ခင်ရှိတော့
လောကမယ် KimSeokJin ကံအကောင်းဆုံးဟု
တွေးပစ်လိုက်ပြီးပြီ။

"နေမကောင်းချင်လို့ အဖျားကလည်းပျောက်တယ်
ရယ်လို့မရှိသလိုပဲ နေရတာမပျော်ဘူး
စိတ်ထဲ အမြဲငိုချင်နေတယ်....."

"ကဗျာဖတ်ပြမယ်လေ....မနက်စာလေးစားရင်း
နားထောင်ပေါ့...ကျွန်တော်တစ်အိမ်လုံးကို
မွှေးပျံ့နေအောင် ရှင်းလင်းထားတယ်...
အောက်စီဂျင်ကောင်းကောင်းရအောင်လည်း
အပင်လေးတွေနေရာအနှံ့ထပ်စိုက်ထားတယ်...
Hyung စိတ်မကြည်လင်နေတာကျွန်တော်သိပါတယ်...."

"ကဗျာ.....က ဖတ်ပြလည်းငါကဆရာဝန်ဆို
တော့ သိပ်နားမလည်တာ မခံစားပေးတတ်
တာမျိုးဆို အားနာစရာတွေဖြစ်အုန်းမယ်...."

"နှလုံးသားလေးဒီလောက်လှတာကဗျာတွေကို
မခံစားတတ်ဘဲနေပါ့မလား...လာ..
မျက်နှာသစ်ပြီး မနက်စာစားရအောင်..."

ငယ်သူသည်...သိပ်ရင့်ကျက်ပြသည်...။
သိပ်လူကြီးဆန်ပြသည်။
အရွယ်နဲ့မလိုက်အောင် သိပ်ရင့်ကျက်ပြခဲ့သည်။
Namjoon ချော့ခေါ်ရာ ကို Namjoonခါးတွေကို
သိုင်းဖက်ရင်း ပုခုံးတွေပေါ်မေးလေးတင်ကာ
ပျင်းတိပျင်းရွဲလိုက်လာခဲ့သည်။

တစ်အိမ်လုံးမွှေးပျံ့နေတော့တာပဲ......။

Jungkook ကအလွန်အကျွံဆိုးခဲ့ခြင်းအပေါ်
ParkJimin ကဘယ်လိုဒဏ်ခံသလဲမသိ...။
အသက်ငယ်သောယောကျ်ားကိုရခဲ့ကြတာ
ချင်းအတူတူ ParkJimin ထက်အများကြီး
ကံကောင်းနေတာကသူ...။

မောင်Where stories live. Discover now