💔38💔(Part2)

Start from the beginning
                                    

"မချစ်နိုင်တော့ဘူး" "မချစ်နိုင်တော့ဘူး"

မောင်ခန္ဓာကိုယ်တစ်ခုလုံးကွေးညွှတ်သွားကာ
ထပ်ထပ်ငိုခဲ့သည်။
မရည်ရွယ်ခဲ့သော ဖြစ်ရပ်များအတွက်
တတ်လည်းမတတ်နိုင်။လွှတ်လည်းမပေးန်ိုင်ပါ.....။

အဆုံးအထိအသက်ရှုမရတော့တဲ့အထိ
တစ်ဖက်က လုံးဝပြတ်သားနေခဲ့သောအထိ
တောင် မောင်သည် အဆုံးအထိ အဲ့ဒီတံခါးကို
မဖွင့်ပေးခဲ့ပါ....။

မှားလွန်းသောအတ္တ မှားယွင်းလွန်းသောချစ်ပုံချစ်
နည်းမှာ ငယ်ရွယ်လွန်းသောမောင်ဆိုတဲ့
ကောင်လေးဟာ ဇာတ်သိမ်းအထိကိုသိပ်
မိုက်ရူးရဲဆန်ခဲ့တယ်။

လွင့်မျောလာခြင်းမှာ ဘောင်းဘီအိတ်ထဲကသော့တွဲ
ကိုတော့သတိကပ်ဖို့မမေ့ခဲ့....။
အသိစိတ်နဲ့ မသိစိတ် ပြေးနေချိန်မှာတောင်
ဆိုင်သူလေးကို အဆုံးအထိသိမ်းထားမှာဆိုသော
အစွဲအလန်းတစ်ခုသာရှိခဲ့သည်။

ဆေးတွေကြောင့်ရော မောင့်ခန္ဓာကိုယ်ကအလွန်
ပျက်ဆီးနေတာမို့ ဒဏ်မခံနိုင်တော့တာရောနှင့်
အိပ်ပျော်သွားခြင်းကိုရောက်သွားခဲ့သည်။

မျက်ရည်တွေကတော့ အိပ်စက်မသွား....
ပါးပေါ်ကိုမရပ်မနားစီးကျနေဆဲ.....။
ယောကျ်ားဆိုတာ ဖွင့်ထုတ်ခံစားမပြရဘူးဆိုသော
ခေါင်းထဲရိုက်သွင်းထားခဲ့ခံရမှုတွေနဲ့.....
မောင်သည် တကယ်တမ်းတော့ သွက်သွက်ခါအောင်
လှိုက်ရူးနေခဲ့ပြီ.....။

အိမ်တော်ထိန်းကြီးသည် မြေအောက်ခန်းသော့မှ
လွဲတခြားသောအခန်းသော့တွေကိုကိုင်ဆောင်သူမို့
မောင် အသက်ရှူမှန်လာတဲ့အခါ တိတ်တိတ်လေး
ဖွင့်ဝင်လာခဲ့ပြီး သေမယ့်ကိစ္စမှန်းသိသော်လည်း
အကိုလေးသည် ချူပ်နှောင်ခံထားရခြင်းနဲ့
ဘယ်လိုမှမအက်စပ်.....။
ညတိုင်း ရန်ဖြစ်သံတွေ အော်ငိုသံတွေကြားတိုင်း
လွတ်လပ်စေချင်ခဲ့သည်။
ထို့ကြောင့် သော့ကိုစိတ်ဒုန်းဒုန်းချခိုးယူလိုက်ကာ
Jimin ကိုဖွင့်ပေးခဲ့သည်။

ဘယ်လောက်တောင်မွန်းကျပ်ခဲ့သလဲမသိ......။
ကားစက်နှိုးလျှင်နိုးသွားမှာစိုးတာကြောင့်
ဖိနပ်ပါးလေးတရံဖြင့် ပြေးလွှားထွက်ပြေးသွား
တဲ့သူ။Romကိုကြိုဖုန်းဆက်ထားတာကြောင့်
အန္တရာယ်ကင်းပါလိမ့်မည်။
သူလွှတ်ပေးလိုက်တာမှန်တယ်ဟုလည်းထင်ပါသည်။
သခင်လေး သတ်လို့သေဖို့သာကျန်တော့သည်။

မောင်Where stories live. Discover now