💔38💔(Part2)

Start from the beginning
                                    

မောင်က ငိုသည်....။ငိုသံတွေထွက်မလာခဲ့....။
မြန်မြန်ဆန်ဆန်စီးကျသွားသောမျက်ရည်တစ်စက်
ကိုမောင်က ချက်ချင်းသုတ်ပစ်သည်။

လူတွေဆီကမောင်အချစ်မခံရတာ
အားနည်းချက်မှမဟုတ်ဘဲ
.မင်းတစ်ယောက်ချစ်ရင်
လွင့်တဲ့ ဘဝနဲ့ မောင့်ကို မင်းမို့မစာမနာ....။

ပွန်းပဲ့သွားမှာစိုးလို့.....ထိခိုက်သွားမှာစိုးလို့
ဆံပင်လေးတစ်ချောင်းကအစ
မောင်က သိပ်တွန့်တိုခဲ့လို့ပါ ။

မင်းခြေရာလေးတွေ မင်းအရိပ်လေးတွေ
မင်းအသံတွေကိုတောင် လောကငရဲလိုမောင်က
ပေးလိုက်ရတာ မင်းနှုတ်ခမ်းလှလှလေးတွေဖြစ်တော့
မောင် သေချင်ခဲ့တာပေါ့.....။

ကိုယ်ချင်းမစာ အချစ်ရယ်....
မင်း မောင့် ကို ကိုယ်ချင်းမစာခဲ့ဘူး
မင်း အချစ်ဦးကို မောင် ထိမှာစိုးလို့..ရဲရဲရင့်ရင့်
ကာကွယ်တွန့်တိုတတ်တဲ့ နှလုံးသားလေးရှိရက်နဲ့
မောင့်ကို ကျ မင်း မကြည့်ခဲ့ဘူး....။

မောင့်အတ္တက ......မင်းတစ်ယောက်အပေါ်မှာပဲ
ကြီးမားပြင်းထန်ခဲ့တာပါ......
လောကရဲ့ ဘယ်အရာကိုမှမောင်မမက်မောခဲ့ဘူး...
ဘဝမှာ မင်းတစ်ယောက်ထဲက ပထမဆုံးမက်မောရာ
မို့ မောင်ရူးမိတာပါ အချစ်ငယ်လေးရယ်.....။

မချစ်နိုင်တော့လို့တော့ ဘယ်ဖြစ်ပါ့မလဲ......။

အချစ်မခံသင့်မှန်းသိပေမယ့်
သိပ်အချစ်ခံချင်ခဲ့တဲ့ ဒီကောင်...သိပ်တရားလွန်တာ
လည်းကိုယ့်ကိုကိုယ်သိပါတယ်.....။

ဒါပေမယ့် အချစ်ရယ် ဒါပေမယ့်.........
မောင့်အချစ်ဦး မောင့်အချစ်ဆုံး တစ်ဦးထဲသောမောင့်ယောကျ်ားလေးမို့ မောင့်အလှလေးက လူတ်ိုင်းရဲ့မက်မောရာလေးဖြစ်နေတာမို့ မောင် မှားယွင်းခဲ့တာပါ။

မောင်သည် အသံထွက်အောင်မငိုတတ်တာကြောင့်
မောင့်ပုံစံအတိုင်းမခံမရပ်နိုင်လောက်​အောင်
အောင့်နေပြီဖြစ်နေသောနှလုံးသားနေရာကိုဖိကာ
သည်းထန်စွာငိုချခဲ့သည်။

အခန်းမီးရောင်မှိန်မှိန်တွင်မောင်ကဘယ်သူမှ
မမြင်စေရဘဲ အရှုံးတွေကိုထွက်အန်ချခဲ့သည်။
ရက်၂၀လုံးခန္ဓာကိုယ်တခုလုံး
ဆေးတွေရယ် စီးကရက်တွေရယ် အရက်တွေရယ်
နဲ့လည်ပတ်နေတဲ့မောင်က ဟန်လုပ်နေခဲ့တာ....။
အိပ်ပျော်စေရန် အိပ်ရာဆီသို့ ခက်ခဲစွာထသွားခဲ့ပြီး
လှဲချလိုက်သည်။

မောင်Where stories live. Discover now