💔38💔(Part2)

Start from the beginning
                                    

"ကျွန်တော်အိပ်မလို့.....ဘာအသံမှမကြားချင်ဘူး....."

"သခင်လေး နှုတ်ခမ်းမှာသွေးတွေ....."

"JeonJiminအချစ်စမ်းလိုက််တာ အရေးမကြီးဘူး....."

အိပ်ခန်းထဲဝင်ကာအခန်းတံခါးပိတ်လိုက်ပြီး
တလောကလုံးဘယ်သူကမှမမြင်ရတော့ဘူး
ဆိုတာသေချာတဲ့အခါ မောင်က ကြမ်းပြင်ပေါ်
ခြေပစ်လက်ပစ်ထိုင်ချခဲ့သည်။

စီးကရက်တစ်လိပ်ကို မီးညှိသည်....။
လက်သည်အလွန်တုန်ရီနေတာကြောင့်
အချက်ပေါင်းများစွာခြစ်မှ မီးတောက်တစ်ခုရသည်။
အငွေ့တွေပျံ့လွင့်နေသည်ကိုမောင်ကလိုက်ကြည့်နေသည်။

ဘောင်းဘီအိတ်ထဲကအဖြူရောင်အမှုန့်တချို့
ကိုထုတ်လိုက်သည်။
ရက်၂၀လုံးက JeonJimin အတွက်ငရဲဖြစ်ခဲ့
တယ်ဆို မောင်လည်းတစ်စက္ကန့်မှပျော်မနေခဲ့ပါဘူး။

ဘာနဲ့ချည်ရချည်ရ မွှေးကြူတဲ့ခန္ဓာငယ်လေး
မောင့် အနားရှိမယ့်အရေးပဲမောင်ကရှေးရှူးခဲ့တာ
မိုက်ရိုင်းခဲ့ဖူးတော့.....ရက်စက်ခဲ့ဖူးတော့....
ပန်းချီကားလှလှလေးလိုအချစ်ကလေးတွေ့
မောင့်ကိုပစ်ခဲ့မှာသိပ်စိုးခဲ့တာ.........။

JeonJiminကိုမယုံကြည်ခဲ့၍မဟုတ်
သံယောဇဉ်တိုင်းက စွန့်ပစ်ခြင်းခံခဲ့ရတဲ့
မောင့်အတွက် ကံကြမ္မာကိုမောင်ကမယုံကြည်ခဲ့တာ....။

ပုခုံးချင်းယှဉ်လာလေသောအချစ်ကလည်း
နည်းနည်းနောနော ပုံအောထားခြင်းမှမဟုတ်တာလေ...။

မောင်သည် အကူအညီတချို့နဲ့မှအိပ်၍ပျော်နိုင်တော့သည်။
ခမ်းနားတဲ့ချစ်ခြင်းတွေလို့ကြားတိုင်း
အခန်းထောင့်အမှောင်ထဲဝင်နားနှစ်ဖက်ပိတ်ထားတတ်
သည်။
မောင် ချစ်မပေးနိုင်ခဲ့၍.......မောင်မနာလိုသည်။

မချစ်နိုင်တော့ဘူးတဲ့လေ.......။
ကွာရှင်းချင်တယ်တဲ့......။
ဒါတွေကြားချင်လို့ ဒီလိုအမှုတွေပြုခဲ့တာမှမဟုတ်တာ
တစ်ထွာတစ်မိုက်လေးတောင်မခွဲခွါနိုင်လို့အမြဲပူးကပ်နေချင်တဲ့ကောင်ကိုများ....အချစ်ငယ်လေးရယ်....။

မောင် အရမ်းချစ်လို့ဆိုတာ....
မင်းကိုဘယ်လိုသက်သေပြရမလဲ.......။

မောင်Where stories live. Discover now