Part 21(Uni+ Zaw)

4.4K 246 3
                                    

We are seke (Uni)
အပိုင်း ၂၁

ဒီနေ့က သုတနဲ့ ရှင်းသန့်တို့ရဲ့ Wedding day ဖြစ်တယ်။ သူတို့နှစ်ယောက်ရဲ့ လက်ထက်ပွဲကို ဆေးရုံမှာဘဲ အကျဥ်းချုံးပြီး ကျင်းပ ကြတယ်။ သုတအဖေက ဆေးရုံကနေ ဘယ်မှ မသွားနိုင်တာကြောင့် ဆေးရုံအုပ်ကို ပြောပြီး ကျင်းပဖြစ်တာဖြစ်တယ်။

စတို ခန်းအလွတ် နှစ်ခန်းတွင်တိတ်ဆိတ်စွာနဲ့ဘဲ ကျင်းပဖြစ်တယ်။ အဖြူရောင် ကော်ဇောတွေနဲ့ နှင်းဆီပန်း အဖြူ တွေကို စီရီစွာ ချထားပြီး အလှဆင်ထားတယ်။ ဒီအတောအတွင်း ဆေးရုံတွင် ခင်ခဲ့သော လူနာများနှင့် ဒေါက်တာများ သူနာပြုများပါ ပါဝင်ဆင်နွှဲကြတယ်။ သုတနဲ့ ရှင်း တို့ ကုမ္မဏီက ဝန်ထမ်းအချို့လဲ လာကြသည်။ ဒေါ်ကြီးမြနဲ့ ဦးတိုးကတော့ ပိုးထည် အဝတ်အကောင်းများကို ဝတ်ဆင်ကာ ဧည့်သည်တွေကို ကြိုဆိုနေလေသည်။

ရှင်းသန့်က နှင်းထက် ဖြူဖွေးတဲ့ အဖြူရောင် ဝမ်းဆက်ပေါ်တွင် ရွှေချည်မျှင်များ ဖြင့် အလှဆင်ထားသော ပိုးသား ပုဆိုးနဲ့ အကျိ်လက်ရှည်ကို ဝတ်ဆင်သည်။ ရှင်းရဲ့ အသားအရည်မှာ ပိုလို့ပင် ဖြူဖွေးကာ နုဖက်နေသည့် ပန်းပွင့်ဖက်လေး ပမာ တင့်တယ်လှသည်။

သုတက အနက်ရောင် ဝမ်းဆက်ပေါ်တွင် ငွေချည်မျှင်များဖြင့် အလှဆင်ထားသော ပုဆိုးနှင့် အကျိ်လက်ရှည်တို့ကို တွဲကာ ဝတ်ဆင်ထားသည်။ သုတရဲ့ ဝင်းဝါကာ ယောကျာ်းပီသသော ခန္ဓာကိုယ်နှင့် အနက်ရောင် ဝမ်းဆက်မှာ ပနှံသင့်စွာနဲ့ ချောမောမှုအပေါင်းကို ထုတ်လွှတ်နေသည်။

နှစ်ယောက်ယှဥ်ရပ်လိုက်ရုံဖြင့် သူတို့နှစ်ယောက်မှာ နတ်ဖက်တဲ့ စုံတွဲကဲ့သို့ ဖြစ်နေသည်။ သူတို့နှစ်ယောက်မှာ တစ်​ဦးအတွက် တစ်ဦး မွေးဖွားလာသကဲ့သို့ ဖြစ်တည်မှုမျိုး ဖြစ်နေသည်။

ဦးသုဝဏ္ဏမှာ သာမာန်ထက်ပိုပြီး နှုတ်ခမ်းများခြောက်သွေ့ကာ မျက်နှာမှာလဲ ဖြူဖက်ကာ လူမမာရုပ်ပေါက်နေသည်။ ခေါင်းတွင်လဲ ခေါင်းစွပ်အဖြူကို စွပ်ထားသည်။ သို့သော်လည်း မျက်နှာပေါ်တွင် ကျေနပ်နေသော အပြုံးများ ဖြစ်တည်နေသည်။ သူ့ဘဝ တစ်လျှောက်တွင် နောင်တရစရာတစ်ခုမှ မရှိတော့ပါ ။ သားအဖနှစ်ယောက်ကြား ဖြေရှင်းရမဲ့ ပြသနာတွေလဲ မျက်နှာချင်းဆိုင်ကာ ဖြေရှင်းပြီး ဖြစ်တယ်။ အခုဆို သူ့သားဘေးတွင် အတူယှဥ်ရပ်မည့် သူတစ်ဦးလဲ ရှိနေပြီ။ သူ စိတ်အေးအေးနဲ့ ဆုကို သွားတွေ့ ဖို့ဘဲ ကျန်တော့လေသည်။

🔞We are seke🔞 CompleteWhere stories live. Discover now