Part 7(Uni+Zaw)

5.8K 438 7
                                    

We are seke (Uni)
အပိုင်း ၇

"အဖွဲ့မှူး သုတ နေ့လည်စာ အတူ သွားစားရအောင်"

"ကိုယ့်ဘာသာဘဲ စားလိုက်ပါ သစ္စာရယ် ရှင်းရှင်းတယောက်ထဲဖစ်မှာဆိုးလို့"

"အဖွဲ့မှူးကလည်း မရဘူးနော် သစ္စာကိုဆို အခေါက်တိုင်းငြင်းနေတယ်"

ထိုအချိန်ဘေးကနေ ရှင်းသန့်မကောင်းတတ်တော့ ဝင်ပြောလိုက်သည်။

"သုတ သွားလိုက်ပါကွာ ငါတယောက်ထဲ စားလိုက်ပါ့မယ် အဆင်ပြေတယ် လိုက်သွားလိုက်"

"မင်းကလဲ"

"............"

"ကောင်းပြီလေ သုံးယောက်အတူသွားစားတာပေါ့ ရတယ်မလားသစ္စာ "

"ဟုကဲ့ ရပါတယ်"

သစ္စာ စိတ်ထဲကနေပြီး ကျိန်ဆဲနေလေသည်။စိတ်ပျက်ဖို့ကောင်းလိုက်တာ။ ဒီတသက် ကိုသုတကို လိုက်ကပ်လို့ကို ရမှာမဟုဘူး။ ဒီ ရှင်းသန့်က နေရာတကာ လိုက်ကပ်နေတာ။ ငါ့အတွက် လွတ်ချိန်ကို မရှိဘူး။ သူ့ကို အရင်ရှင်းထုတ်မှရမယ်။သစ္စာတယောက်စိတ်ထဲကသာ ကျိန်ဆဲနေတာ မျက်နှာပေါ်မှာကတော့ ပြုံးနေတာ သူမဟုတဲ့အတိုင်းဘဲ။

၃ ယောက်သား အတူတူ ကုမ္မဏီ အနားမှာ ရှိတဲ့ စားသောက်ဆိုင်ကို သွားကြလေသည်။ သုတက သန့်စင်ခန်းသွားချိန် သစ္စာ တယောက် ရှင်းသန့်ကို စကားသွားပြောလိုက်သည်။

"အဖွဲ့မှူးရှင်း"

"ဟုကဲ့ "

"ကျွန်မ အဖွဲ့မှူးသုတကို ကြိုက်တယ်"

"အဲ့တာ ကျွန်တော့်ကို ဘာလို့လာပြောတာလဲ သုတကိုသွားပြောလေ"

"ကျွန်မလဲ အဖွဲ့မှူးရှင်းကိုမပြောချင်ပါဘူး ဒါပေမဲ့ အဖွဲ့မှူးရှင်းက နေရာတကာ လိုက်ကပ်နေတယ် ကျွန်မ​တို့နှစ်ယောက်ထဲ အတွက် အချိန်မရှိ ဘူး အာ့ကြောင့်ကျွန်မကို ကူညီပေးပါ"

ဘယ်လို ကူညီရမှာလဲ?

"ဒီတပတ် ကုမ္မဏီ ညစာစားပွဲကျ အဖွဲ့မှူးသုတဘေးကနေပြီး ရှောင်ပေးပါ"

"ကောင်းပြီလေ ကြိုးစားကြည့်ပေါ့"

"ဘာအဓိပ္ပါယ်လဲ"

🔞We are seke🔞 CompleteWhere stories live. Discover now