Part 4(Uni+Zaw)

8.5K 356 0
                                    

We are seke (Uni)
အပိုင်း ၄

"သုတ ထတော့"

"ရှင်းရှင်းကလဲကွာ ဒီနေ့ပိတ်ရက်မလား"

"အာ့ကြောင့်နိုးတာလေ ထတော့ မြန်မြန်ထ စျေးသွားမယ်"

............

"မထရင် ငါ့အကြောင်းသိတယ်မလား"

လက်က ပေါင်ရင်းလာထိနေတာမို့ သုတတယောက်မြန်မြန် ထလိုက်သည်။ အထိမခံနိုင်တဲ့နေရာဆိုတော့လေ။ မြန်မြန်ဘဲ ရေချိုးခန်းထဲဝင်သွားတဲ့ သုတကြောင့် ရှင်းသန့်မှာ မပြုံးဘဲမနေနိုင်တော့ဘူး။

"မြန်မြန် ဆင်းခဲ့နော် ငါ မနက်စာ သွား့ပင်လိုက်အုံးမယ်"

"အေး​ငါလဲစောင့်အုံး"

"အေး"

ရှင်းသန့်ထမင်းစား စားပွဲမှာ စားစရာတွေတင်နေတယ်။ အိမ်မှာဆို ရှင်းက ဟင်းချက်တာ ပိုများတယ်။ သုတက မချက်ဘူး အပျင်းလေးပေါ့။

ပေါင်မုန့်ကြ က်ဥကြော်ရယ် မရိုးနိုင်တဲ့ နွားနို့ရယ်ပေါ့။ မစားသေးဘဲ လိုင်းသုံးရင်းစောင့်နေလိုက်တယ်။

ဟော ခဏကြာတော့ ရေမွှေးတွေ အများကြီး ဆွတ်ကာ ဆင်းလာပြီ။ ဒီကတောင်အနံ့ရတယ်။ မွှန်ထွန်နေတာဘဲ။

သုတလဲ ဆင်းလာပြီး ရှင်းရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်သည်။ရှင်းက ထလာပြီး သုတအနောက်ကနေ ကုန်းပြီးတော့ လည်ပင်းကို လာနမ်းတယ်။

"ဘာလုပ်တာလဲ ရှင်းရှင်း ခုမှမနက်မိုးလင်းတယ် ထန်နေပြန်ပြီလား"

"ချီးကို ထန်ပါလား မင်းရေမွှေးတွေ တဗူးလုံးများ လောင်းချလာလားလို့ စစ်ကြည့်တာ"

"ဟာ ကိုကို ရှင်းသန့်ကလဲ နမ်းချင်ရင် နမ်းချင်တယ်ပြောပါ"

"သေလိုက်"

"ဟားဟားဟား"

"မြန်မြန်စား ပြီးရင် သွားကြမယ်"

နှစ်ယောက်သား စားသောက်ပြီးတော့ သုတက ကားထုတ်တော့ ရှင်းသန့်က တားလိုက်တယ်။

"ဘာဖြစ်ရပြန်ပြီလဲ"

"ဒီနေ့ ငါမောင်းမယ်"

"Ok"

ရှင်းသန့်က ကားမောင်းတဲ့နေရာမှာထိုင်လိုက်ပြီး သုတကတော့ ဘေးခုံမှာထိုင်လိုက်သည်။ခဏကြာတော့ ရှင်းက ဘေးကို ကြည့်လိုက်တော့ မျက်မှောင်ကြုတ်နေတဲ့ သုတကို ​တွေ့လိုက်တယ်။ ရှင်းသန့်လဲ လက်တဖက်က သုတရဲ့ လက်မောင်းကို ကိုင်ကာ မေးလိုက်သည်။

🔞We are seke🔞 CompleteWo Geschichten leben. Entdecke jetzt