Part 13(Uni+Zaw)

5K 362 9
                                    

We are seke (Uni)
အပိုင်း ၁၃




ညနေ ရောက်သောအခါ ရှင်းနဲ့ သုတနဲ့ အတူတူ ကားစီး၍ အိမ်ကို ပြန်ခဲ့ကြသည်။ သစ္စာကတော့ တက္ကစီ စီးပြီး ပြန်ခဲ့ရတယ်။ သစ္စာကို dinner ပွဲမှ လာခေါ်ဖို့ပြောတာကြောင့် အိမ်ပြန် ရေမိုးချိုး အဝတ်အစားလဲဖို့တော့ လိုက်ပို့ဖို့ မလိုပေ။ ရှင်းနဲ့သုတလဲ စကားတစ်ခွန်းမှ မပြောဘဲ အိမ်အပြန်လမ်းတစ်လျှောက် တိတ်ဆိတ်နေသည်။



တိတ်ဆိတ်နေသော လေထုကို ဖြိုခွင်းလိုက်သူမှာ သုတပင်။



"ဟေ့ ရှင်း တိတ်နေပါလား"

"ဘာမှ ပြောဖို့မရှိတာ"

"စိတ်ကောက်နေတာလား"

"ချီးဘဲ"

"ဟားဟား"

"တကယ် ဘာမှ မဖြစ်ပါဘူး ဘာဝတ်သွားရမလဲ တွေးနေတာ"

"အော် .....မသိပါဘူး သစ္စာကို အတူတူခေါ်ရမှာမို့လားလို့"

"အဲ့လို ဖြစ်စရာလား သူ့လို လူမျိုးကို စိတ်ထဲကို မထဲ့တာ"

"ဟုပါပြီ ထဲ့စရာလဲ မလိုပါဘူး"

"အင်းလေ"



နှစ်ယောက်သား ပုံမှန်လို စနောက်ပြီး နောက်ဆုံးတော့ အိမ်ပြန်ရောက်လေသည်။ သုတရော ရှင်းသန့်ရော အတူတူ ကားပေါ်မှ ဆင်းကာ အိမ်ထဲ အတူ ဝင်သွားကြသည်။ အိမ်အပေါ်ထပ်ကို တက်ပြီး ရေချိုးခန်းထဲ အပြေးအလွှား ဝင်ကြသည်။



ရှင်းက အရင်ဝင်သွားပြီး သုတကို လျှာ ထုတ်ပြတယ်။ သုတကလဲ ရေချိုးခန်းထဲ မြန်မြန် ဝင်လိုက်တယ်။



သူတို့နှစ်ယောက်လုံး အဝတ်တွေ အကုန် ချွတ်ပြီးတာနဲ့ ရေချိုးကြလေသည်။ တစ်ယောက် ကျော တစ်ယောက် တိုက်ပေးထို့လဲ မမေ့ကြပါ။



"ရှင်း မင်းရဲ့ နှုတ်ခမ်းမွေးတွေ နဲနဲ ထွက်လာပြီ။ ငါရိတ်ပေးမယ်"


"အင်း"



သုတလဲ ရှင်းရဲ့ မေးလေးကနေ မကာ ရိတ်ပေးလိုက်သည်။ ပြောင်သွားသောအခါ နှုတ်ခမ်းကို ပြွတ်ခနဲ မြည်အောင်နမ်းလိုက်သည်။ ရှင်းရဲ့ နှုတ်ခမ်းပေါ်မှာ ရှိတဲ့ အဖြူရောင် အမြုပ်လေးတွေလဲ သုတရဲ့ နှုတ်ခမ်းပေါ် ပေသွားတော့တယ်။ ရှင်းနဲ့ သုတလဲ အပြန်အလန်ကြည့် ရယ်ကြပြီး တစ်ယောက်ကို တစ်​ယောက် ဆေးပေးလိုက်တယ်။ ရေချိုးပြီးတာနဲ့ နှစ်ယောက်လုံး အတူတူ သပတ်တွေ ခါးပတ်ကာ ထွက်လာတော့တယ်။




🔞We are seke🔞 CompleteWhere stories live. Discover now