Part 8(Uni+Zaw)

5.9K 357 5
                                    

We are seke (Uni)
အပိုင်း ၈

"ဒါဘယ်နေရာလဲ စားသောက်ဆိုင်လဲ မဟုဘူး"

"ဒါကျွန်တော့်အိမ်ပါ အကို့ကို ကိုယ်တိုင်ချက်ကျွေးချင်လို့"

"အော်"

ရှင်းသန့်လဲ စိတ်ထဲ အဆင်မပြေပေမဲ့ ရောက်လာပြီးမှ မထူးဘူးဆိုတဲ့စိတ်ထဲ လိုက်သွားလိုက်တယ်။ ခွန်းဆက်ကတော့အောင်နိုင်သူအပြုံးနဲ့ အိမ်ထဲခေါ်သွားတယ်။

ခြံအကျယ်ကြီးမှာ တိတ်ဆိတ်မှုက ကြီးစိုးနေတယ်။ ခြံဝန်းထဲမှာ နှင်းဆီပန်း နီနီတို့က သင်းပျံနေတယ်။ နန်းတော်တမျှ ကြီးမားတဲ့ အိမ်ကိုရောက်တော့ ရှင်းသန့်က စကားစလိုက်တယ်။

"ဒီအိမ်ကြီးမှာ မင်းတယောက်ဘဲ နေတာလား"

"ဟုတယ်အကို ဘာဖြစ်လို့လဲ"

"ဘာမှမဟုပါဘူး မေးကြည့်တာ ဘယ်သူမှမတွေ့လို့"

"အင်း"

ခွန်းဆက်ကတော့ နှစ်လိုဖွယ်အပြုံးကို ဖန်းဆင်းလျှက် ရှေ့ကနေလမ်းပြကာ ခေါ်သွားသည်။ အိမ်ထဲရောက်တော့ ထမင်းစားဝိုင်းကို ခေါ်သွားပြီး ထိုင်ခုံမှာ ထိုင်စေလိုက်တယ်။ စားပွဲက အဝါရောင် ဖဲသားစားပွဲခင်း ခင်းထားပြီး အပေါ်မှာ ဖယောင်းတိုင်အကြီးကြီး တစ်တိုင်နဲ့ အလှဆင်ထားတယ်။ ဖယောင်းတိုင်ရဲ့ဘေးမှာ ပန်းအိုးလေးတလုံးလဲရှိတယ်။ ပန်စအိုးထဲက ပန်းတွေက ခြံဝန်းထဲက နှင်းဆီနီတွေ။

"အကို အပေါ်တက် ချွတ်ရင်ချွတ်ထားလေ အားမနာနဲ့"

"အင်း"

"ခဏစောင့်နော် ကျွန်တော် ပြင်ဆင်လိုက်အုံးမယ်"

"အင်း ဖြေးဖြေးလုပ်ရတယ်"

"ဟုတ်"

ခွန်းဆက်ရဲ့ အရပ်က ရှင်းထက်နဲနဲပုတယ်။ ၅ပေ ၁၀ လက်မ ခန့်ရှိတယ်။ ခန္ဓာကိုယ်က ကျစ်လစ်ကာ ကြွက်သားအဖုအထစ်လေးတွေလဲရှိသည်။ ကျစ်လစ်တဲခန္ဓာကိုယ်ကို အေပရွန်လေး ဝတ်ပြီး ကျောပေးကာ လှီးချွတ်ပြီး ချက်ပြုတ်နေသည်။

တီ.....

ရှင်းသန့်ဆီကို စာတစောင်ဝင်လာတယ်။ ခွန်းဆက်လဲအနောက်လှည့်ကြည့်တော့ လက်ကို ဓားထိသွားတယ်။

🔞We are seke🔞 CompleteWhere stories live. Discover now