Special Chapter || Uni

7.6K 526 29
                                    




နှလုံးသားတို့မည်သည်
ခက်ပါပေ့
ချစ်ခြင်းမေတ္တာ၏
အနှောင်အပတ်သည်ကား
တစ်စုံတစ်ဦးဆီ၏
နှလုံးသားငယ်ထံသို့သာ
စုန်ဆန်စေ၏

: ကုဋေကုဋာထက်နှင်းဆီ :

တစ်နှစ်ကြာပြီးနောက် ...

In French , Bruniquel

: ကုဋေကုဋာထက်နှင်းဆီ :

ပန်းပွင့်တွေဝန်းရံထားတဲ့ ပြင်သစ်မှရွာလေးတစ်ရွာသို့ ကုဋာတစ်ယောက်ရောက်နေသည် ။ Camera တစ်လုံးအားကိုင်ထားလျက်ပင် နေကြာပန်းခင်းကြီးဘက်သို့ မျက်နှာမူထားလျက်ပင် တိုက်ခတ်လာသည့် လေအဟုန်တွင် လိုက်ပါစီးမျောနေလိုက်သည် ။

Aveyron နှင့် Vère ဟုဆိုသော မြစ်နှစ်ခု၏အထက်ဘက်တွင်တည်ရှိပြီး ကျောက်တုံးအိမ်ကလေးများဖြင့်တည်ရှိနေသော ဤဒေသသည် နွေးထွေးလှသည်ဟု ကုဋာထင်မိသည် ။

"ကျွန်တော်ကတော့ သဘာဝတရားတွေကိုမြတ်နိုးတတ်နေပြီ ၊ ပြီးတော့ ... နှင်းဆီပန်းတွေကိုရောပေါ့ ၊ လူ့အသိုင်းအဝိုင်းထဲလည်း ဝင်ဆံနေပါပြီ ။ ဒါပေမဲ့ ... မပြောင်းလဲသေးတဲ့အရာတစ်ခုက ရှိနေသေးတယ် ၊ အဲ့ဒါကတော့ ကျွန်တော် အစ်မကို မြတ်နိုးနေတုန်းပါပဲတဲ့ ... ။"

"Hey ... Rosellia !"

အော်ခေါ်သံတစ်ခုနှင့်အတူ ပြင်သစ်သူကလေးတစ်ယောက်သည် ကုဋာနှင့်မလှမ်းမကမ်းတွင်ရှိနေသော ပန်းဆိုင်လေးထဲသို့ဝင်သွားလေသည် ။ ထိုဆိုင်အတွင်းမှ အရိပ်အယောင်လေးအား ကုဋာတစ်ယောက်ဖြတ်ခနဲပင်တွေ့လိုက်ရသည် ။

ရင်းနှီးနေဟန်ရှိသော အရိပ်ကလေးသည် သူ()နှလုံးသားလေး၏ ဆိုင်သူသာဖြစ်ခဲ့ရင် ... ?

"Hey ... ကုဋာ !"

ခရီးစဉ်အစမှအဆုံးထိ လိုက်လံကူညီပေးခဲ့သော ပြင်သစ်သူသူငယ်ချင်းလေးမှ လာရောက်ခေါ်ဆိုသံကြောင့် ကုဋာတစ်ယောက် ထိုကောင်မလေးရှိရာဘက်သို့ ခေါင်းအားလှည့်လိုက်တော့သည် ။

"ဘယ်လိုလဲ ? ဓာတ်ပုံရိုက်လို့ဝပြီလား ?"

"အင်း ၊ ဒီဒေသလေးက တကယ်နေလို့ကောင်းမဲ့ပုံလေးနော် ၊ မနက်ဖြန်ပြန်ရတော့မယ်ဆိုတဲ့အတွေးက ဝမ်းနည်းစေတာတော့ အမှန်ပဲ ။"

ကုဋေကုဋာထက်နှင်းဆီ || 𝑹𝒐𝒔𝒆Место, где живут истории. Откройте их для себя