9 || Uni

5.6K 515 2
                                    

ခံစားချက်တွေ
တဖြည်းဖြည်းနဲ့ စိတ်ထဲ
အနည်ထိုင်လာတဲ့အခါ
အကြိမ်ကြိမ်ရူးသွပ်ခဲ့ရတယ် ။

° ကုဋေကုဋာထက်နှင်းဆီ °

စိတ်ထဲတင်းကျပ်နေသဖြင့် မနက်စောစောစီးစီး ဝရံတာသို့ထွက်ကာ စီးကရက်တစ်လိပ်ကို ကောက်ဖွာမိသည် ။
ထိုစဥ် ဘောင်းဘီအိပ်ကပ်ထဲမှဖုန်းလေးက အသံထွက်ကာတုန်ခါလာသည် ။

ခေါ်ဆိုသူ၏နံပါတ်အားကြည့်စရာမလို ။
ဒါဟာ စစ်လျှမ်းမဟုတ်ရင် Daddy ပင်ဖြစ်လိမ့်မည် ။

"Hello"

တစ်ဖက်ကထွက်လာသည့် စစ်လျှမ်းအသံကြောင့် ကုဋာတစ်ယောက်နားထောင်နေရင်းမှ သက်ပြင်းယဲ့ယဲ့သာချနိုင်တော့သည် ။

"ဒီနေ့ Mommy ရဲ့နှစ်ပတ်လည်ရှိတယ် ။ Training ကိုငါမလာနိုင်ဘူးလို့ပြောလိုက်ပါ ။ ငါ့လုပ်ရပ်ကို ငါတာဝန်ယူတယ်လို့ပါပြောပေး ။"

" ... "

"ရတယ် ... မလိုက်ခဲ့နဲ့ ။ ငါ့ဘာသာတစ်ယောက်တည်းသွားချင်လို့ ။ အင်း ... ဘာပဲပြောပြော သူကငါ့ကိုမွေးခဲ့တဲ့အမေပဲလေ ။"

" ... "

"အင်း ... ကျေးဇူးပါ ကိုစစ် ။"

ထို့နောက်တွင်တော့ ဖုန်းအားချလိုက်ကာ ဆေးလိပ်ငွေ့များအားမှုတ်ထုတ်လိုက်လေသည် ။

ထိုစဥ် ခြံထဲသို့ဆင်းလာသော အရိပ်ကလေးတစ်ခုအားအမှတ်မထင်တွေ့လိုက်ရသည် ။

လူတွေပြောပြောနေကျစကားတစ်ခွန်းရှိသည် ။
အရိုးဆုံးက အဆန်းဆုံးပဲတဲ့ ။
ရိုးရိုးယဥ်ယဥ်နေလည်း ဆန်းကြယ်ပြီး ကျက်သရေရှိတာ အစ်မနဲ့တင်ကျွန်တော်ယုံခဲ့ပြီ ။

ကျော့နှင်းဆီမှာတော့ ခြံထဲဆင်းလာကာ ပန်းအိုးတွေအနားရှိ တရုတ်စကားပင်ကြီး၏အောက်ခြေတွင် ငုတ်တုတ်လေးထိုင်ချလိုက်လေသည် ။

သူမအားမျက်စိတစ်ဆုံးလိုက်ကြည့်နေသော ကုဋေကုဋာထက်မြက်ကိုတော့ မမြင်ပါချေ ။

"တရုတ်စကားပန်းပွင့် ... ဒါဟာ ရင်နာစရာကောင်းလွန်းတယ် ။"

ခပ်ဖွဖွဆိုလာသော စကားသံအေးအေးကလေးတွင် နာကျင်မှုတွေပါနေသယောင် ... ။

ကုဋေကုဋာထက်နှင်းဆီ || 𝑹𝒐𝒔𝒆Where stories live. Discover now