0.5 || Prologue || Uni

20K 829 24
                                    

နှင်းဆီကထက်မှန်းသိတယ်၊
ဆူးများမှန်းသိတယ်
ဒါပေမဲ့ ဆူးပုံထဲ
ခုန်ချကြည့်ချင်သေးတယ်
နှင်းဆီဆူးက
ဘယ်လောက်ထိဆူးနိုင်မှာမို့လိုလဲ ?

နှစ်နှစ်ကာကာနဲ့
မြတ်နိုးမိခဲ့ခြင်းတွေမှာ
နောင်တတရားတွေဆိုတာ
အလိုလို
ကင်းမဲ့ဇုန်ထဲရောက်ကုန်တယ် ။

မာထန်ပြီးထက်မြက်တဲ့
မိန်းမတစ်ယောက်ဟာ
နုနယ်လှပတဲ့အလှမျိုးနဲ့
ထိုက်တန်ပါတယ် ။

ရူးခဲ့တာ၊ မှန်တယ်
ကိုယ်ရူးခဲ့တာပေါ့
အမည်ဖော်မရတဲ့
ခံစားချက်တွေကြားမှာ
မင်းကိုရူးသွပ်ခဲ့မိတာလည်း
မိုက်မဲခဲ့မိခြင်းတစ်မျိုးပါပဲ ။

နူးညံ့စွာနဲ့ဆိုလာတဲ့
ထွက်သွားပေးဆိုတဲ့စကားဟာ
နားထဲကနေမထွက်နိုင်သေးဘဲ
တည်ရှိနေတုန်း ။

အချစ်ဆိုတာ
ကျော့နှင်းဆီနဲ့စပြီး
ကျောနှင်းဆီနဲ့ဆုံးတဲ့
ဓားသွားထက်က
ပျားရည်တစ်မျိုးပဲ ။ ။

|| ကုဋေကုဋာထက်မြက် ||

°°°

ရယူခြင်းဆိုတဲ့အတ္တ
မင်းမှာရှိနေသ၍
မင်းဟာ မင်းအတ္တတွေထဲမှာ
လှောင်ပိတ်မိနေဦးမှာပဲ ။

မင်းလာနွယ်လိုက်တဲ့ မိန်းမက
မင်းအပေါ်
ဘယ်လောက်လွှမ်းမိုးနိုင်တယ်ဆိုတာ
မင်းမမေ့နဲ့ ။

မှတ်ထား၊
ကျော့နှင်းဆီဆိုတာ
အဲ့လိုမိန်းမမျိုးပဲ ။

|| ကျော့နှင်းဆီ ||

°°°

Mini Story လေးဖြစ်ဖို့များပါတယ် ။
ဖတ်ပေးကြဖို့မျှော်လင့်ပါတယ် ။

{ 210127 }
သာယာသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေ။ 💭

ကုဋေကုဋာထက်နှင်းဆီ || 𝑹𝒐𝒔𝒆Where stories live. Discover now