သူ: အဲ့ဒါကအရေးမကြီးပါဘူးလေ။ ကိုယ်ချွတ်လိုက်ရင် မင်းလန့်သွားမှာပဲစိုးတယ်။

...

ကျွန်တော် စကားတစ်ခွန်းမှမပြောပဲဆေးလဲပေးလိုက်တယ်။ ဒီမဖိတ်ခေါ်ထားတဲ့ ဧည့်သည့်အမြန်ထွက်သွားဖို့ပဲ မျှော်လင့်မိတယ်။ ကျွန်တော်ဆေးလဲပေးနေတုံး သူရဲ့သည်းမခံနိုင်တော့တဲ့ နာကျင်မှုက ကျွန်တော့်ကိုခဏရပ်သွားစေတယ်။ ကျွန်တော့်မှာ ပတ်တီးလဲပေးတဲ့အတွေ့အကြုံရှိမနေဘူး။ ဒါကြောင့် တိတ်ပိုင်းလေးကိုပဲ ကပ်ဖို့အသုံးပြုလိုက်တယ်။

ကျွန်တော် လုံးဝ စိတ်လျော့ချမလိုက်ခင် သူက စကားထပ်ပြောလာတယ်။

"ဘယ်လိုလုပ် ဒီနေ့လွှတ်မပေးနိုင်ရတာလဲ။"

"ဒါကတခြားဆေး ဘာလို့မလွှတ်နိုင်ရမှာလဲ။ မဟုတ်သေးပါဘူး။ လွှတ်ဖို့လိုသလား။"

ကျွန်တော်တို့ပထမဆုံးတွေ့တဲ့အချိန်ကို ပြန်မှတ်မိသွားတယ်။

"အားးး ဘုရားရေ။ မလွှတ်နိုင်ဘူး။"

"ဘုရားရေ သွားခွင့်ပေးပါတော့။ ဘာလို့ မေ့သွားတဲ့ ရှက်စရာကြီးကိုပြန်မှတ်မိလာရတာလဲ။"

သူ တိရစ္ဆာန်ဆေးခန်ကို လဝက်လောက်ထိမလာဘူး။ ကောင်းလိုက်တာ။ ကျွန်တော့်ဘဝလေး အရင်တိုင်းပြန်ဖြစ်သွားပြီ။

အလုပ်သင်ကာလပြီးသွားတော့ မနောက်ဆုံးမှာ ကျွန်တော် ဖျင်ဟိုင်းတိရစ္ဆာန်ရုံ ရဲ့ အမြဲတမ်းဝန်ထမ်းဖြစ်လာတယ်။ ကျွန်တော့်ရဲ့ တိတ်ဆိတ်ပြီးတည်ငြိမ်တဲ့ဘဝလေး၊ ကျွန်တော့်ဘဝရဲ့ ပထမဆုံးအပြောင်းအရွှေ့ရာထူးတိုးတာနဲ့ လစာလဲတက်လာတော့မဲ့အချိန်လေးမှာပဲ။ ကျွန်တော် တိရစ္ဆာန်ရုံရဲ့ တောရိုင်းပရောဂျက် ဝံပုလွေအထူးအဖွဲ့ကိုအပြောင်းခံရတယ်။ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဘက် A,B နဲ့ အဖွဲ့ခေါင်းဆောင်း D တို့နဲ့တွေ့ခဲ့ရတယ်။

"အားးးး ကောင်းကင်ဘုံက ဘယ်သူ့ကိုမှ မသက်ညှာဘူးပဲ။"

သူက လဝက်လောက်မတွေ့ရတော့တဲ့သူ သူကရောက်လာပြီး ကျွန်တော်နဲ့လက်ဆွဲနှုတ်ဆက်တယ်။ "မင်းကိုယ့်ကို အဖွဲ့ခေါင်းဆောင်လို့ခေါ်လို့ရတယ် ပြီးတော့ ခဏနေ ကိုယ့်နောက်လိုက်ခဲ့။"

ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရပြီ/ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရြWhere stories live. Discover now