Chapter 16

2.7K 514 10
                                    

<Uni>


ခွေးလေးရဲ့ ကြေကွဲစရာကောင်းတဲ့ဘဝ (၂၀)

ငါတို့ စတင်ခဲ့တဲ့နေရာမှာပဲ ပြန်အဆုံးသတ်ခဲ့တယ်။ အစ်ကိုကြီးဝံပုလွေနဲ့ ငါ အတူတူ အချုပ်ခံလိုက်ရပြန်ပြီ။ သူက ပြင်းပြင်းထန်ထန်ဒဏ်ရာရပြီး ငါကတော့ သူနဲ့ထပ်ပြီး အတင်းအကျပ်အတူနေခိုင်းခံရတယ်။ ကွာခြားချက်တစ်ခုကတော့ အတိတ်မှာ ငါတို့အချင်းချင်း ​လှောင်အိမ်တွေက တစ်ဆင့်ပဲ ကြည့်လို့ရတယ်။ အခုတော့ ငါတို့အတူတူ စား အတူတူနေပြီး အတူတူအိပ်ကြတယ်လေ(ဟင်)။ ငါတို့တောတောင်ထဲမှာနေခဲ့ရပြီး အခုတော့ ဖျင်ဟိုင်းတိရစ္ဆာန်ထဲမှာပေါ့။

"တရုတ်ကျေးလက်ခွေးလေး ငါက တိရစ္ဆာန်ရုံ ထဲမှာနေရာရတယ်။ အခွင့်ထူးတစ်ရပ်ပဲ။"

ငါ့ရဲ့စိတ်လှုပ်ရှားနေတဲ့မျက်လုံးတွေကို အစ်ကိုကြီးဝံပုလွေဆီလှည့်လိုက်ပြီး အမြှီးကို သေချာရမ်းနေလိုက်တယ်။ အစ်ကိုကြီးဝံပုလွေရဲ့ လည်တိုင်လှလှလေးကိုပွတ်ဖို့ ငါမော့လိုက်တယ်။

"ကျွန်တော့်ကိုကယ်ပေးတဲ့အတွက် အစ်ကိုကြီးဝံပုလွေကိုကျေးဇူးတင်ပါတယ်။"

အစ်ကိုကြီးဝံပုလွေက သူ့ရှေ့ခြေကို စိတ်မရှည်စွာဆန့်ထုတ်လိုက်ပြီး ငါ့ရဲ့မီးခိုးရောင်ခေါင်းကို အသာဖယ်လိုက်တယ်။ ငါပျော်ပျော်ကြီး အနည်းငယ်လိမ့်သွားတယ်။ ငါစိတ်အနှောင့်ယှက်မဖြစ်ပါဘူး။ ငါ အစ်ကိုကြီးဝံပုလွေကို ပြုံးပြလိုက်ပြီး ကစားဖို့ ထွက်သွားလိုက်တယ်။

နေရာအသစ်က တောင်တွေမြစ်တွေနဲ့ တကယ်ကိုအကြီးကြီးပဲ။ ပတ်ဝန်းကျင်ကလဲ ဝံပုလွေ သားရဲတွင်းထက် အများကြီးပိုကောင်းတယ်။ တောင်ရဲ့အနောက်ဘက်က ယုန်တွင်းလေ။ သခင်က ငါတို့ကို ယုန်သေးလေးတစ်ကောင်ဆီ နေ့တိုင်းပို့ပေးတယ်။ ငါ သူတို့နဲ့ဆော့ရတာပျော်ပြီး ငါ သူတို့နဲ့အချိန်ကုန်ရတဲ့အချိန်ကိုလည်း တန်ဖိုးထားပါတယ်။ ဘာလို့ဆို အကိုကြီးဝံပုလွေက သူတို့ကိုစားရတာကြိုက်လို့လေ။

ငါ့ သူငယ်ချင်းလေးတွေကကြာကြာမနေရပါဘူး။ အဲ့ဒါကိုတွေးမိတော့လဲ တကယ်ကိုဝမ်းနည်းမိသား။ ငါအစ်ကိုကြီးဝံပုလွေနဲ့ယုန်လေးအကြား ဘယ်သူနဲ့ဆော့သင့်လဲဆိုတာကို ရွေးရခက်နေတယ်။ ငါ အတော်စဥ်းစားပြီးမှ အစ်ကိုကြီးဝံပုလွေဆီကို ယုန်ယူပြီးသွားဖို့ပဲ ဆုံးဖြတ်လိုက်တော့တယ်။

ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရပြီ/ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရြWhere stories live. Discover now