Chapter 26

2.6K 410 2
                                    

<Unicode>

အထူးအဖွဲ့ (၁)

တောင်ထဲတွင် စုံစမ်းစစ်ဆေးနေသော အထူးအဖွဲ့ဆီမှ အစီရင်ခံစာ။

တိုက်ပွဲကြီးအပြီးမှာ ဝံပုလွေတွေပျောက်သွားပုံရပြီး Siberian ကျားရဲ့ ပုန်းခိုရာ ဘယ်မှာလဲဆိုကိုလဲ မသိရသေး။ သို့ပေမဲ့ တစ်ခါတစ်ရံမှာ ကျားအမဲလိုက်ထားတဲ့ လက္ခဏာတွေကို ဘေကျင်းတောင်မှာ တွေ့ရ။

ဘေကျန်းတောင်ရဲ့ သားကောင်တွေက ယုန်လိုမျိုး အလွန်သေးငယ်တဲ့ တိရစ္ဆာန်တွေပါ။ တောဆိတ် ဒါမှမဟုတ် သခင်ပေါက်တွေ တစ်ခါတစ်ရံပေါ်လာရင် မလွဲဧကန် ကျားစားခြင်းကိုခံရပြီး အရိုးပဲကျန်ခဲ့မှာဖြစ်။

နောက်ကျော စုတ်ပြတ်ပျက်စီးနေတဲ့ တောဆိတ်တစ်ကောင်လဲရှိနေတယ်။ တစ်ချက်ကြည့်လိုက်တာနဲ့ အဲ့တာက ကျားရဲ့လုပ်ဆောင်မှုဆိုတာ သိရနိုင်တယ်။ ကျားသာလျှင် သားကောင်ရဲ့နောက်ကျောကို ​စုတ်ပြတ်အောင်လုပ်ပစ်မှာ။ ဝံပုလွေက မကြာခဏ သားကောင်ရဲ့ လည်ပင်းကိုပဲကိုက်တတ်ကြတယ်။ ဝံပုလွေမျိုးနွယ်ကိုမကြောက်တဲ့ ထူထဲပြီး ခွန်အားကြီးတဲ့ ကျားတွေရဲ့ လက်သည်းတွေပဲ။

အကုန်လုံးက ဝံပုလွေမျိုးနွယ်ရဲ့အားနည်းချက်တွေကို ဖော်ပြလိုက်ပေမဲ့ နောက်ရက်အနည်းငယ်မှာ တိုးတက်လာတဲ့အရာက ရှာဖွေသူအဖွဲ့ကို အိပ်မက်ကနိုးထလာသလိုဖြစ်သွားစေတယ်လို့ ထင်တယ်။ သူတို့က ဝံပုလွေအုပ်ရဲ့ အစွမ်းကိုပြန်လည်စစ်ဆေးတာပဲ။

မတူညီတဲ့နေရာတွေမှာ Siberian ကျား သုံးကောင်ရဲ့ ခန္ဓာကိုယ်ကိုတွေ့ရှိခဲ့ရတယ်။ ပေါင်းပင်တွေနဲ့ ရေမြောင်းတွေထဲမှာ လည်ချောင်းနဲ့ ဝမ်းဗိုက်မှာ သေစေနိုင်တဲ့ဒဏ်ရာတွေကလွဲလို့ တိုက်ပွဲက ကျန်ရှိနေတဲ့ အသားစတွေကိုကွယ်ဝှက်ထားကြတယ်။

အဲ့ဒီ Siberian ကျားတွေက ကျန်းတောင်တောင်ပိုင်း ကိုလှည်းကျင်းလိုက်ပြီး ဝံပုလွေအုပ် အချိန်တစ်ခုထိတောင့်ခံထားရတဲ့ ပိုင်နက်နဲ့ သားကောင်တွေကို ဖြတ်လုချင်နေကြတယ်။ သူတို့က အချိန်ကောင်းကိုစောင့်နေပြီး အားအပြင်းဆုံး တန်ပြန်တိုက်ခိုက်မှုကို စတင်ကြတာဖြစ်လိမ့်မယ်။

ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရပြီ/ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရြDonde viven las historias. Descúbrelo ahora