အပိုင်း - ၂၆« ဇာတ်သိမ်းပိုင်း »( Uni + Zaw )

Start from the beginning
                                    

" ကျွန်တော်ကရပါတယ် မီဆောရဲ့ ။ မီဆောရဲ့အစီအစဉ်အတိုင်းသွားကြမယ်လေ ။ "

" မီဆော ?? မီဆောက ဘာအဓိပ္ပာယ်လဲ သည်းငယ်ရဲ့ ။ "

" မီဆောဆိုတာက ကချင်စကားနဲ့ ဆာမီဆော အချစ်လို့ပြောတာကို nickname ပြောင်းထားတာလေ ။ ကျွန်တော့်ရဲ့မီဆော ၊ ကျွန်တော့်အပိုင် ။ "

" ဒါပေါ့ဗျာ.... ဆောင်းဧကမိုးက ဒီကရဂွန်းဟူဝေရဲ့တစ်ဦးတည်းအပိုင်၊ရဂွန်းဟူဝေရဲ့မူပိုင် "

" အွန်း... ဆောင်းဧကမိုးက ကျွန်တော့်မူပိုင်လူကြီး "

" ဟား ဟူ ရာ... အသည်းယားအောင်... ကဲ အိပ်ကြမယ်နော် မနက်ကျရင် ကားစီးရတာပင်ပန်းဦးမှာ နားတော့နော် "

" ကောင်းသောညပါ မီဆော "

" ကောင်းသောညပါ ကိုယ့်ရဲ့သည်းဦးရှင်လေး "

တိတ်ဆိတ်သွားသောအခန်းငယ်လေးသည် မီးရောင်ငယ်လေးကပါ တဖြေးဖြေးမှိတ်သွားသောအခါ လေပြည်သွဲ့သွဲ့တို့က ကျီစယ်ဟန် လိုက်ကာတို့အား လွင့်မြူးစေကာ အထဲတွင်အနားယူနေသော ကောင်ငယ်လေးနှစ်ယောက် အေးချမ်းစေရန် စွမ်းဆောင်ပါတော့သည် ။ လရောင်ကျော့ကျော့ကလဲ ကောင်းချီးပေးသည့်အား ထွန်းလင်းစွာဖြာကျနေသည် ။

အညိုရောင်နတ်သားငယ်သည် သူ့ပိုင် ရင်ခွင်နန်းတွင် မှေးစက်အနားယူသွားပြီဖြစ်သည် ။
တစ်ယောက်တည်းသော နတ်သားငယ်ကိုသာ ဝင်ခွင့်ပေးခဲ့ပါသော ရင်ခွင်နန်းသည် ပိုင်ရှင်အား မအေးစေရန် အနွေးဓာတ်အပြည့်ဖြင့် ထွေးပွေ့ကာအနားယူခွင့်ပေးလေသည် ။

••••••••••••••••••••••★•••••••••••••••••••••

မနက်ခင်းနေရောင်ခြည်သည် ပြတင်းငယ်အားကျော်လွန်လျက် ကျယ်ပြန့်သောကျောပြင်ပေါ်သို့ ကျရောက်နေလေသည် ။

ရင်ခွင်ထက်မှ နတ်သားငယ်သည်လူးလွန့်လျက် ရင်ခွင်၏ပိုင်ရှင်အား မေ့ာကြည့်လာသည် ။ စူးရှသောနေရောင်ခြည်က အနောက်မှထောက်ပံ့နေသဖြင့် ထွန်းလင်းနေသော အရှိန်အဝါတခုကဲ့သို့ အထင်မှားနိုင်လောက်ပေသည် ။

အစဉ်အမြဲစူးရှနေကာနေသော်လဲ နူးညံ့ခြင်းများပါရောစပ်နေတတ်သော မျက်ဝန်းစိမ်းတို့က မျက်ခွံပါးပါးအောက်ဖုံးကွယ်ခံထားရလေသည်။ မျက်တောင်တိုစိပ်စိပ်တို့နှင့် ‌တည်တင်း‌လျက်ရှိနေပါသော နှုတ်ခမ်းပါးပါးတို့က ထိုလူသားကို ထူးကဲအောင်ဖန်တီးပေးသည် ။

Witnessing To The MaNaw Land_မနောမြေအား သက်သေတည်လျက်_CompleteWhere stories live. Discover now