Unatengရဲ့ အမူအရာကြောင့် မုန့်ရန်လဲ အတော်အံ့သြနေရတယ်။လက်ရှိဘဝမှာ တစ်ခါမှ မတွေ့ဖူးကြ
တဲ့အတွက် အခုလောက်ထိ ဖြစ်ပျက်နေစရာမှမလိုတာ..အကယ်၍ မုန့်ရန် ဘယ်သူဘယ်ဝါဆိုတာ(လက်ရှိမှာမုန့်ရန်က တိုင်းသိပြည်သိနာမည်ကြီးနေတဲ့ နံ့သာပညာရှင်)ကိုသိနေရင်တောင် အခုလောက်ထိ ဖြစ်ပျက်နေ​ဖို့ မလိုဘူးလေ...

"ခင်ဗျားက ဒီဆိုင်ရဲ့ မန်နေဂျာလား?"

မုန့်ရန် ထပ်မေးလိုက်တယ်။

Unatengက အခုထိ သတိမကပ်သေးဘဲ အံ့အားသင့်နေတဲ့ အကြည့်တွေနဲ့ မုန့်ရန်ကို ကြည့်နေသေးတာကြောင့် ဘေးနားက စားပွဲထိုးလေးက Unatengကိုလက်တို့နေရတယ်...

"မန်နေဂျာ...မန်နေဂျာ.."

Unatengကို ကြည့်ရတာ အိမ်မက်မက်နေရာကနေ လန့်နိုးလာတဲ့ပုံပေါက်နေတယ်။ဘေးနားကနေ လက်တို့နေတဲ့ စားပွဲထိုးလေးကို တစ်ချက်ကြည့်ပြီးမှ မုန့်ရန်ကို ပြန်ကြည့်လိုက်တယ်။

"ခင်ဗျားတို့ဆိုင်မှာ ဘယ်ဟင်းပွဲတွေ နာမည်ကြီးလဲ??ဒီနေ့အတွက် အထူးသီးသန့်မီနူးရှိသေးလား??"

"ရှိပါတယ်..ဒီနေ့အတွက်က..ဒီနေ့အတွက်က..."

Unatengရဲ့ ဉီးနှောက်တစ်ခုလုံး ဗလာကျင်းနေတဲ့ အတွက် ဘာဆက်ပြောလို့ ပြောရမှန်းမသိတော့ဘူး။

သူတို့ရဲ့ မန်နေဂျာက သရဲခြောက်ခံရသလို ထူးထူးဆန်းဆန်းတွေ လုပ်နေတာကြောင့် စားပွဲထိုးလေးကပဲ မီနူးစာရင်းကို ရွတ်ပြလိုက်ရတယ်။

မုန့်ရန်က Unatengရဲ့မျက်လုံးတွေကို စိုက်ကြည့်ပြီးတစ်ခုခုကို အတည်ပြုချင်နေတယ်။နှစ်ယောက်သား အချိန်တစ်ခုကြာတဲ့အထိ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေပေမယ့် မုန့်ရန်ရဲ့ အကြည့်တွေကို Unateng သေလောက်အောင် ကြောက်လန့်နေတယ်။

ဝူဖန် အတော်လေး ပဟေဠိဖြစ်နေတယ်။ အကယ်၍ မုန့်ရန်က လော်ရှို့ကို သေလာက်အောင်ချစ်တယ်ဆိုတာသာ မသိထားခဲ့ရင် မုန့်ရန်အခုလို လုပ်နေတာတွေက မန်နေဂျာဆိုတဲ့ အကောင်နဲ့ ဇာတ်လမ်းတစ်ပုဒ်ဖန်တီးဖို့လို့ ထင်မိမှာပါ...ပြောလို့သာပြောတာ မန်နေဂျာဆိုတဲ့ လူက အရပ်ရှည်တဲ့ အပြင် ရုပ်ကလဲ ခပ်ဖြောင့်ဖြောင့်နဲ့ ပြီးတော့ အချိုးအစားကျတဲ့ ကြွက်သားတွေနဲ့ အတော်လေးကြည့်ကောင်းနေတယ်လေ....

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now