အပိုင်း 14

Start from the beginning
                                    

''သတိထားနော် ပီ''

စားပွဲဆီရောက်တော့ပီကဟိုအဖျက်ကောင်ကိုမြင်လိုက်ရတယ်
''မော့ မင်းလည်းလာတာလား ခွေးကောင်''

''ငါ့နာမည်ကဆက်သရား ပြီးတော့ငါဘာလို့လာလို့မရရမှာလဲ မင်းပိုင်တာမို့လို့လား''

ပီကစိတ်ရှုပ်သွားပြီးတော့ဒူရမ်ပြောခဲ့တဲ့စကားအချို့ကနားထဲဝင်လာတယ်

''မင်းအစီအစဥ်ပျက်သွားပြီးတော့ပြိုင်ဘက်ပေါ်လာပြီဆိုရင် မှော်ဆေးရည်ကိုထုတ်သုံးလိုက်''

''ဘာမှော်ဆေးရည်လဲ''

''အရက်''

''ဘာ ငါအရက်မသောက်နိုင်ဖူးလေ''

''မင်းကလည်းကွာ အရက်ကဗိုက်ထဲမှာအစာမရှိမှမူးတာ အစာရှိရင်ဘာမှမဖြစ်ဖူး ငါ့ကိုယုံလိုက်
သောက်ပြီးတော့သတ္တိတွေပြန်စုလိုက် အခက်အခဲအကြီးစားကိိုမင်းကျော်ဖြတ်နိုင်လိမ့်မယ်''

ပီကအရမ်းကိုစိတ်ရှုပ်နေပြီဖြစ်တယ်
အလိုက်ကမ်းဇိုးမသိတဲ့ဆက်သရားကလည်းပီရှေ့မှာမာနန်းနဲ့စကားတွေပြောပြီးရယ်မောပျော်ရွှင်နေကြသေးတယ်
ပီကသူ့ရှေ့ကအရက်ခွက်ကိုကောက်ကိုင်လိုက်တယ် ပြီးတေ့တစ်ခါတည်းမော့ချလိုက်တယ်
ပြီးတော့မော့ဘေးနားကနေမာနန်းကိုခွဲထုတ်လိုက်ပြီး

''မာနန်း ငါတို့အခြားနေရာသွားရအောင်''

နံပါတ်၄. သူနဲ့နှစ်ယောက်တည်းရှိနေပြီဆိုရင်သူ့အပေါ်ကောင်းပေးလိုက်
            သူ့ကောင်းကြောင်းတွေပြောပြီးတော့မင်းအပေါ်ကြွေအောင်လုပ်လိုက်

ပီကမာနန်းရဲ့လက်ကိုဆွဲရင်းအခြားတစ်နေရာကိုသွားဖို့ပြင်လိုက်တယ်
မီးရောင်မှောင်မှောင်အောက်ကအရာအားလုံးကသူ့အတွက်အနှောက်အယှက်တွေပဲ
ကောင်မလေးတစ်ယောက်ကကရင်းနဲ့ ပီကိုဝင်တိုက်သွားသေးတယ်
လဲကျသွားတဲ့ပီကမြန်မြန်ထရင်း သူ့အနောက်ကလူရဲ့လက်ကိုပြန်ဆွဲလိုက်တယ်
မော့နဲ့ခပ်ဝေးဝေးနေရာရောက်ပြီလို့ထင်တဲ့နေရာရောက်တော့ပီက

''မာနန်းကိုငါပြောပြစရာရှိတယ်
ငါ......မာနန်းကိုကြိုက်တယ် ဟိုအရင်ကတည်းကကြိုက်ခဲ့တာ ငါပြောင်းလဲခဲ့တာအားလုံးကမင်းအတွက်ပါပဲ
ငါမင်းတို့ဌာနရှေ့ကိုအမြဲတမ်းရောက်ရောက်လာတယ် ငါပြောင်းလဲခဲ့တယ်
ငါကျောင်းသားကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားတယ်
အဲ့တာအကုန်မာနန်းအတွက်ပါပဲ
ဒါပေမယ့်ငါသိခဲ့ရတယ် အဲ့တာတွေကိုငါကြိုးစားလုပ်နေတာက ငါမာနန်းကိုပြောပြဖို့အတွက်ပဲ
ငါ မာနန်းကိုကြိုက်တယ်''

Fish Upon the SkyWhere stories live. Discover now