အပိုင်း 11 အို...လူယုတ်မာ

228 7 0
                                    

''သေစမ်း
အရမ်းမှောင်တာပဲ
မီတာခချွေတာဖို့အတွက်များမီးတွေပိတ်ထားကြတာလား''

မာနန်းကိုblind in loveပွဲကိုလာစေချင်တဲ့ပီကဓာတ်ခွဲခန်းထဲကိုညဖက်ကြီးသွားဖို့ဆုံးဖြတ်ခဲ့ပါတယ်
အဆောင်တစ်ခုလုံးမှာပီကလွဲပြီးတော့ဘယ်သူမှမရှိသယောင်တိတ်ဆိတ်လို့နေတယ်
ပီမြင်ရတဲ့တစ်ခုတည်းသောအလင်းရောင်ကပီဖုန်းမီးကအလင်းပဲဖြစ်တယ်
ပီပထမဆုံးဝင်ကြည့်ခဲ့တဲ့အခန်း၁မှာဘယ်သူမှမရှိသလို ကော်ရစ်တာတစ်လျှောက်မှာမှောင်မဲနေခဲ့တယ်
ဒီနေ့ကျမှ စမ်းသပ်မှုလုပ်ခဲ့တဲ့ဖားတွေ ခရုတွေကိုဆေးရည်စိမ်ထားတဲ့အခန်းကအရမ်းကြောက်ဖို့ကောင်းနေတယ်
ညှိစို့စို့အနံလိုမျိုး အခန်းထဲကိုဝင်ဝင်ချင်းပီတောင်ရုတ်တရက်တုန်လှုပ်သွားခဲ့တယ်

''ဘောပဲ''

''ဒီမှာ ဘာလုပ်နေတာလဲကျောင်းသား''

''စာမေးပွဲအတွက်စာလုပ်နေတာပါ''

''ကောင်းပြီလေ ညဥ့်နက်တဲ့ထိမနေနဲ့နော်''

''ဘာလို့လဲ''

အာ ငါမေးတာလည်းမဖြေဖူး
ဘာတွေလှို့ဝှက်ထားတာလဲ
လုံခြုံရေးဦးလေးကြီးကပီပြောတာကိုမကြားသလိုပြန်မဖြေပါဖူး
အဲ့တာကြောင့်မို့လို့ပီစိတ်ထဲမှာပိုသံသဃဝင်လာပါတယ်

ပီကဆက်ပြီးအားတင်းပြီးတော့ဓာတ်ခွဲခန်းကိုရောက်အောင်သွားခဲ့တယ်
ပီတံခါးကိုဖွင့်ပြီးဝင်သွားတော့ သူ့ရှေ့မှာအလောင်းရုပ်လေးခုတောင်ရှိနေခဲ့တယ်

''အလောင်းများခင်ဗျ
ကျွန်တော်နှောက်ယှက်ဖို့ရောက်လာတာမဟုတ်ပါဖူး
ကျွန်တော်အချစ်အတွက်ရောက်လာတာပါ''

ပီကနာရီကိုကြည့်လိုက်တော့၁၂နာရီထိုးအတိပဲ နည်းနည်းပဲစောင့်ရတော့မယ်

''ဟေး တံခါးနားကဘယ်သူလဲ''
ပီကတံခါးနားမှာအရိပ်တစ်ခုကိုထင်ထင်ရှားရှားကြီးမြင်လိုက်ရတယ်

''ဆက်သရား မင်းလား''

''ဒီအချိန်ကြီးဒီမှာမင်းဘာလုပ်နေတာလဲ''

''ငါ ငါစာမေးပွဲအတွက်ပြင်ဆင်နေတာ''

''ဟုတ်လို့လား ဒီဓာတ်ခွဲခန်းရဲ့ ထုံးတမ်းအစဥ်လာတိုင်းလာလုပ်တုမဟုတ်ဖူးလား''

Fish Upon the SkyWhere stories live. Discover now