"ငါဘယ်ကမ္ဘာအထိလွဲနေအုန်းမှာလဲကွာ....!!!!"

.........

အိမ်တော်ထိန်းကြီးက တံခါးကိုလာဖွင့်ပေးခဲ့သည်။
အလွန်အံ့ဩသွားခဲ့တာတော့အမှန်ပါ...။

မောင်လွှတ်ပေးလိုက်တာလားလို့အံ့အားသင့်စွာ
မေးခဲ့တော့ အခန်းထဲမှာ အိပ်ပျော်နေတုန်းသော့ကို
သွားခိုးယူလာခဲ့ကြောင်း ခုအိပ်နေတုန်းလွတ်ရာလွတ်
ကြောင်းမြန်မြန်ပြေးဟု အိမ်တော်ထိန်းကြီးက
ပြောခဲ့သည်။

အိပ်ပျော်နေတယ်ဟုဆိုတာကြောင့်ကားစက်နှိုးရင်
နိုုးသွားမှာစိုး၍ဆိုင်သူလေးသည်ဒီအတိုင်းပြေးထွက်
လာခဲ့သည်။

သိပ်ချစ်ရသော ကိုယ့်ယောကျ်ား
ကိုယ့်ခင်ပွန်းဆီက ဒီလိုမျိုးထွက်ပြေးနေရတာကိုက
သဘာဝမကျတာ....။
ကိုယ်ဘယ်လောက်ချစ်ပေးခဲ့လည်းမောင်သိရက်နဲ့။
မောင် ဘာအမှားတွေလုပ်လုပ်ခွင့်လွှတ်ပေးခဲ့ရက်နဲ့။
ParkJimin က ထွက်ပြေးနေရတယ်တဲ့....။
ထွက်မပြေးလို့လည်း အတ္တလား အချစ်လား ရူးသွပ်ခြင်းလားမသဲကွဲတဲ့ မောင့် မျက်လုံးတွေကို မြင်တိုင်း
ဝမ်းနည်းလို့ရူးတော့မှာ.....။

မောင့် အပြုံးချိုချိုလေးတွေကိုပဲကျွန်တော်မက်မောတာ
ကျွန်တော့်အပေါ်မနိုင်မနင်းလောင်းချနေတဲ့
မောင့်အချစ်အရှိန်အဟုန်တွေရဲ့ဒဏ်ကိုတကယ်မခံစား
နိုင်တော့ဘူး.....။

ဝမ်းနည်းမှုတွေ ခံပြင်းမှုတွေ ဒေါသတွေနဲ့
မှောင်ရိပ်တွေထဲတိုးဝင်ပြေးနေတုန်းကားမီးရောင်
တစ်ခုနဲ့အတူရှေ့တည့်တည့်ဖြတ်ရပ်လာသော
ပြိုင်ကားဖြူဖြူလေး....။

ဒီကားလာပြန်ပြီ.....။

ကားပေါ်ကဆင်းလာသူကိုမြင်သည်နှင့်
မီးတောင်လေး၏မျက်နှာပိုပျက်ယွင်းသွားခဲ့သည်။

"KimTaeHyung...."

"တက်....လိုက်ပို့ပေးမယ်....ညကြီးတစ်ယောက်ထဲ
ပြေးမနေနဲ့..."

"တစ်ယောက်ဒဏ်မခံနိုင်လို့ ပြေးလာပါတယ်ဆို
တစ်ယောက်က လမ်းမှာအဆင်သင့်
ငါဘာတွေများဆုတောင်းမှားခဲ့သလဲမသိဘူး
သွားစမ်း!!!အရှုပ်ထုတ်တွေ!!!"

မောင်Where stories live. Discover now