သွေးသစ် ဝဠာ့ကိုတစ်ချက်ကြည့်ပြီး.....ကိုယ်ပေါ်တွင်ခြုံထားသော စောင်အပါးလေးကိုခေါက်လိုက်သည်....။ ကားမှန်ကိုချ‌လိုက်တော့....

မြူများရစ်ဆိုင်းနေသော တောင်တန်းများ.....ကားလမ်းတစ်‌လမ်းစာလောက်ပဲ ရှိသောလမ်းဘေးတွင် ချောက်များ ၊ သစ်တောများက အရမ်းပင်လှရက်နိုင်လွန်းသည်...။ စိမ်းစိုနေသောတောအုပ်များ ၊ တောင်တန်းများ ၊ မြွေလိမ်မြွေကောက်လမ်းများက ပြင်ဦးလွင်ကို ရောက်တော့မည်ဟု ပြောနေ‌သယောင်ယောင်.....။

လမ်းဘေးတစ်လျှောက် ဂျပန်ပိတောက်ပန်းများက တစ်လမ်းလုံး ရွှေဝါရောင်ကျဲထားသည့်အလား....ဝါထိန်လျက်....။

သွေးသစ်ငေးကြည့်နေတုန်း......ဝဠာဆီမှ လေသံအေးအေးလေး....

"အနိုး.....နိုးလာပြီလား....ရှေ့နားကျ ၂၁မိုင်ရောက်တော့မှာ အက်ကျမှ မျက်နှာသစ်ပြီး မနက်စာစားကြမယ်နော်...."

"ဟုတ် ကိုမြတ်သွင်..."

"အေးနေ‌လားအနိုး...စောင်ခြုံထားပါလား...အနိုးနှာထိပ်လေးတွေ နီရဲနေပြီ...."

ဝဠာ....ရယ်ကာပြောတော့ သွေးသစ်က မျက်နှာထားတည်တည်လေးနဲ့ပဲ....

"ရတယ် ကိုမြတ်သွင် ကျနော် အဆင်ပြေပါတယ်....."

ဝဠာ....ဖုန်း contactsထဲဝင်ကာ.....ဦးလေး ဟူသည့်နာမ်စားအား နှိပ်လို့ ဖုန်းခေါ်လိုက်သည်....။

"အေး...ဝဠာစောစောစီးစီ ဘာကိစ္စလဲ..."

"ဦးလေး...ကျွန်တော် ပြင်ဦးလွင်ပြောင်းရွေ့တဲ့ကိစ္စကို လျှို့ဝှက်ထားပေးပါ ပြီးတော့ ကျွန်တော်ကားတည်နေရာတွေရော သွားခဲ့တဲ့ CCTVတွေရော ဖျတ်ပေးပါအုံး..."

"ဟောင့် ဝဠာမင်းဘာတွေလျှောက်လုပ်ပြန်ပြီလဲ..."

"ကျွန်တော်ဘာမှမလုပ်ပါဘူး..."

"အေးပြောလိုက်ရင်လည်း ဘာမှမလုပ်ဘူးအေးစက်စက်နဲ့.....မင်းတော့ တယ်ခက်ပါလား...."

"ဟာ ဦးလေးက..ဗျာ အရမ်းအရစ်ရှည်တာပဲ ယောကျာ်းခိုးလာလို့ဟုတ်ပြီလား... ဒါပဲဗျာ ဖျတ်ထားပေးအုံးနော် ပြီးတော့ စော်ဘွားကိုလည်း ဖုန်းဆက်ပေးထားအုံး..."

Before time Passes (အချိန်မလွန်ခင်)[Complete]Onde histórias criam vida. Descubra agora