🐯.17.🐯

4.2K 451 13
                                    


unicode. .

.
.
နားထဲကိုကျယ်လောင်စွာရိုက်ခတ်လာတဲ့
နှိုးစက်သံကြောင့်ဂျောင်ကုမျက်လုံးတို့ကို
ပွင့်စေလိုက်သည်

ခြောက်နာရီသာရှိသေးသည်
ပုံမှန်ဆိုဒါကသူ့ရဲ့အိပ်ယာထချိန်ပါ.
ဒါပေမဲ့ မနေ့ကညအိပ်ယာဝင်နောက်ကျ
ခဲ့တာကြောင့်ထင်သည် မျက်လုံးတွေက
အားအင်ပြည့်သွားပုံမရသေးသလို
ခေါင်းတွေကလဲနောက်ကျိနေ၏

တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်လိုက်သည်
လုံးဝလန်းဆန်းသွားတာမျိုးတော့
မဟုတ်ပေမဲ့ခုနကထက်စာရင်တော့
တော်ပါသေးသည်..

ချာအန်းဟွာဆီသွားရတော့မှာဖြစ်သည်..
အောက်ထပ်ကိုဆင်းခဲ့လိုက်ရင်း
ကော်ဖီတစ်ခွက်ကိုအရသာခံကာ
သောက်နေလိုက်သည်.

'ring...'

"hobi hyung....ဘာတွေသိရပြီလဲ?"

"မရေသးဘူးjungkook သူကတအားကို
သိုဝှက်လွန်းနေတာ မင်းကရောသူမနဲ့
ဘယ်လိုအခြေအနေရှိပြီလဲ?"

"မပြောတတ်ပေမဲ့ သူမပုံကိုကြည့်ရတာတော့
ရေလာမြောင်းပေးလုပ်နေတဲ့သဘောဘဲ"

"hyungပြောခဲ့သားဘဲjungkook ရာ
မင်းကသူမရဲ့typeမျိုးလို့အဲ့တာဆိုအခုက?"

"အခုသူမကိုသွားကြိုဖို့လုပ်နေတာ
hyung"

"အဆင်ပြေနေတာမှန်ပေမဲ့ ဒီထက်ပိုပြီး
သွက်သွက်လေးလှုပ်ရှားတာကောင်းလိမ့်
မယ်ထင်တယ်ဂျောင်ကု "

"ဟုတ်hyung ကျွန်တော်နားလည်ပါတယ်"

"ဒါဆိုhyung ဖုန်းချလိုက်မယ်နော်
ဂျောင်ကု အဆင်ပြေပါစေ.."

"ကျေးဇူး..hyung..တစ်ခုခုသိရရင်လဲ
ပြောပြဦးနော် hyung"

"အော...ဂျောင်ကု"

ကားအဖြူလေးကချာအန်းဟွာရဲ့
အိမ်ရှေ့ကိုရောက်သွားခဲ့သည်

ကားဟွန်းနှစ်ချက်လောက်တီးလိုက်ပြီး
သူမထွက်အလာကိုစောင့်နေလိုက်သည်

"ကိုယ်စောသွားတာလား ဟြာ..."

"မစောပါဘူးဂျွန်ရဲ့..ဟွာအဆင်ပြေပါတယ်
သွားကြရအောင်လေ"

Baby Tiger(Completed)Where stories live. Discover now