🐯.13.🐯

5K 509 30
                                    


unicode. .

.
.
ကားကိုအရှေ့မှာတင်ရပ်ထားခဲ့လိုက်ပြီး
အိမ်ထဲကိုခြေလှမ်းကြဲများဖြင့်
ဝင်သွားလိုက်သည်. .

သူ့ကိုကလိထားတဲ့ကျားဆိုးလေးကတော့
ကုတင်ထက်မှာအိမ်မောကျနေလေရဲ့
အိမ်မောကျဆိုသူရောက်လာတာကဘဲ
ငါးနာရီခွဲနေပြီဖြစ်သည်ဒီအကောင်ပေါက်လေး
ဘယ်အချိန်ထဲကအိပ်ပျော်သွားတာလဲမသိ

အိမ်ရောက်ရင်..ဆိုပြီးတေးထားခဲ့သော
စိတ်တွေဟာလဲကြက်ပျောက်ငှက်ပျောက်
အိပ်နေသောကျားပေါက်ကလေးရဲ့
ဖင်ကိုသာလက်ဖြင့်နာနာလေးသုံးချက်
လောက်ဆင့်ပြီးတီးပစ်လိုက်ချင်သည်

aircon ကအတော်အေးနေတာကြောင့်
အအေးလျှော့ထားလိုက်ကာ
ကုတင်ပေါ်ကိုသူပါပစ်လှဲလိုက်သည်
ဘူဆန်ကိုအသွားအပြန်နေ့ချင်းလုပ်ရင်း
ဟိုမှာတစ်နာရီတောင်မနေလိုက်ရ
အလုပ်ကိစ္စကိုအတွင်းရေးမှူးကိုသာထပ်ပြီး
အပူကပ်ရပေဦးမည်

ပင်ပန်းထားတဲ့ဒဏ်ကြောင့်လားမသိ
တစ်ကိုယ်လုံးညောင်းကိုက်နေကာ
သိပ်ပင်မကြာလိုက်ရ
ဂျောင်ကုတစ်ယောက်အိမ်မောကျ
သွားလေတော့သည်

.......

ဗိုက်ပေါ်မှာခပ်လေးလေးဖြစ်နေတဲ့ခံစားချက်
နှင့်အတူရင်ဘတ်ကိုပါတဘုန်းဘုန်း
ထုနေတဲ့သူတစ်ယောက်ကြောင့်
ဂျောင်ကုမျက်လုံးတွေမပွင့်ချင်ဘဲပွင့်
လာရတော့သည်

အကြောင်းမှာသူ့ဗိုက်ပေါ်တက်ထိုင်ကာ
ရင်ဘတ်ကိုတဘုန်းဘုန်းထုနေတဲ့ကျားပေါက်
လေးကြောင့်ပင်

"နိုးပြီလား ?နိုးရင်လဲထတော့ သခင်!
အောက်မှာဧည့်သည်ရောက်နေတယ်"

ထိုစကားတစ်ခွန်းသာပြောကာဖုန်းတစ်လုံး
နှင့်ဆိုဖာပေါ်မှာအလုပ်ရှုပ်နေပြန်သည်
ထိုကလေးတစ်ခုခုများဖြစ်ထားတာလား
စိတ်ဆိုးနေရမှာသူမဟုတ်ဘူးလား?
တစ်လုခုကိုအလိုမကျဟန်ဖြင့်ဂိမ်းနှိပ်
နေသောထိုကျားပေါက်လေးကို
ကြည့်ရင်းကိုယ့်ကိုယ်ကိုပြန်ပြီးမေးခွန်း
ထုတ်မိလိုက်သည်

ဧည့်သည်လာနေတယ်တဲ့..
ဘယ်ဧည့်သည်လာတာပါလိမ့်?

ဂျောင်ကုလန်းသွားအောင်မျက်နှာအမြန်
သစ်ပြီးတာနှင့်အောက်ကိုဆင်းသွား
လိုက်သည်

Baby Tiger(Completed)Where stories live. Discover now