🐯.6.🐯

5.6K 592 35
                                    

.
.
unicode. .

.
.
"သခင်ရေ.."

"သခင်.."

ထယ်ယောင်းနိုးကထဲကသခင့်ရဲ့အရိပ်
အယောင်တောင်မမြင်ရတာမို့လိုက်ပတ်
ရှာနေပေမဲ့အခုထိမတွေ့သေး
တစ်အိမ်လုံးလဲနှံ့နေပြီဖြစ်သည်

သခင်များသူ့ကိုထားသွားတာလား..?
မဟုတ်လောက်ပါဘူးလျှောက်မတွေး
စမ်းပါနဲ့ကင်မ်ထယ်ယောင်းရာ..

ဆိုဖာပေါ်မှာကျုံ့ကျုံ့လေးထိုင်ရင်း
သခင့်အလာကိုမျှော်နေမိသည်..
မကြာလိုက်အရှေ့က ကားသံကို
ကြားလိုက်ရတာကြောင့်ထွက်ကြည့်
လိုက်တော့မှ သခင်ဖြစ်နေခဲ့သည်

"သခင်ဘယ်သွားနေတာလဲ? ထယ်ထယ်
လိုက်ရှာနေတာကိုဟွန်း"

"ကိုယ်တောင်းပန်ပါတယ်ကျားပေါက်ရာ
ဘာတွေဝယ်လာလဲကြည့်လိုက်ပါဦး"

"ဝါး..မုန့်တွေအများကြီးဘဲ ထယ်ထယ့်
အတွက်လားဟင်?"

"မင်းလေးအတွက်ကလွဲလို့ဘယ်သူ့အတွက်
ဖြစ်ရဦးမှာလဲကွာ"

"ဟီး.."

မုန့်ထုပ်တွေကိုသိမ်းစရာရှိတာသိမ်းပြီး
တော့ကျားပေါက်ကိုကြည့်တော့
သူလုပ်နေသမျှကိုထိုင်ကြည့်နေသည်

"ကျားပေါက် ကိုယ်ပြောစရာရှိတယ်
သေချာနားထောင်နော်"

"ဟုတ်.."

"ကိုယ်ဒီရက်ပိုင်းအတွင်းLAကိုသြားစရာ
ရှိနယ်သိပ်မကြာပါဘူး အများဆုံး
သုံးရက်လောက်ဘဲကြာမှာ ကျားပေါက်
တစ်ယောက်ထဲအဆင်ပြေမလား
ကိုယ်မုန့်တွေလဲဝယ်ပေးထားခဲ့မယ်လေ"

"ဟင့်အင်း..ထယ်ထယ်တစ်ယောက်ထဲ
မနေခဲ့ချင်ဘူး ထယ်ထယ့်ကိုတစ်ယောက်
ထဲမထားခဲ့ပါနဲ့ထယ်ထယ်လဲလိုက်မယ်
နော်သခင်"

"ဟိုမှာကနေရာစိမ်းဆိုတော့ မင်းအဆင်မပြေမှာ
စိုးလို့ပါကျားပေါက်ရာ.."

"ဟင့်အင်းအဆင်ပြေတယ် ထယ်ထယ်လိုက်မှာ
သခင်ဘယ်သွားသွားလိုက်မှာ သခင်နဲ့
တူတူနေရရင်ပြီးပြီ"

"သေချာလို့လားကျားပေါက်?"

"သေချာတယ် သခင်နဲ့လိုက်မှာ"

Baby Tiger(Completed)Место, где живут истории. Откройте их для себя