🐯.16.🐯

4.2K 446 11
                                    


.
.
unicode. .

.
.
ကုမ္ပဏီကိုသွားသည့်အချိန်မှလွဲ
suit အပြည့်ဝတ်ဆင်လေ့မရှိသောဂျောင်ကုက
ယနေ့မှာတော့ အနက်ရောင်suit အပြည့်ကို
ဝတ်ဆင်ထားကာကားအဖြူလေးထဲမှ
စတိုင်ကျကျထွက်လာကာအဆောက်အဦ
တစ်ခုအတွင်းသို့ဝင်သွားလေသည်
အပြုံးအရယ်မဲ့နေသောဂျောင်ကုရဲ့
မျက်နှာကမြင်နေကြပုံစံမျိုးမဟုတ်ပါဘဲ
အနည်းငယ်ထူးဆန်းနေသယောင်တောင်
ထင်နေရ၏

ပြုံးရီနေတတ်သောဂျောင်ကုရဲ့မျက်နှာက
ဒီလိုဖြစ်နေတယ်ဆိုမှတော့လဲ..အင်းစဉ်းစား
စရာဘဲပေါ့...

hwa ကုမ္ပဏီကြီးသည် ကိုရီးယား
နိုင်ငံတွင်ပင် top.2 ကုမ္ပဏီကြီး
ဖြစ်နေသည်မဟုတ်ဘဲသူမရဲ့မွေးရပ်မြေ
ဖြစ်တဲ့တရုတ်အပြင်တခြားသော
နိုင်ငံအရပ်ရပ်မှာပင်နာမည်ရတဲ့
စီးပွားရေးသမားတစ်ယောက်ဖြစ်လေသည်

"ရောက်လာပြီလားmr.jeon
စောသားဘဲ...မဆိုးပါဘူး
တို့ကအချိန်တိကျတဲ့သူမျိုးကိုသဘောကျ
တတ်တာလေ.."

သူမကခပ်နွဲ့နွဲ့လေးပြုံးကာပင်

"ထိုင်ပါဦး.."

သူမရှေ့ကခုံမှာခြေပေါ်ခြေချိတ်ပြီး
ဝင်ထိုင်လိုက်သည် ဖြူဖွေးနေသော
အသားအရည်ရှိသည့်သူမက ဂျောင်ကုရဲ့
မျက်လုံးထဲမှာတော့ပိတ်စအဖြူကြီး
တစ္ခုအလား..သူ့ကျားပေါက်ရဲ့
အဖြူမကျအညိုဘက်လဲမသွားသည့်
အသားအရည်လေးကိုသာနှစ်သက်ပါသည်

အသားကိုဆေးဆိုးသည့်အဖြူရောင်
များလောင်းထားသည့်အတိုင်းဖွေးနေသည့်
ထိုအမျိုးသမီးကဆယ်ကျော်သက်လောက်မှာ
တင်အနောက်နိုင်ငံမှာပြောင်းရွှေ့နေထိုင်
ခဲ့သည်တဲ့လေ

အဲ့တာကြောင့်ပေါ့ဒီလောက်ရဲတင်းနေတာ
အနောက်နိုင်ငံသားတွေကရဲတင်းကြသည်
မဟုတ်ပါလား...?

"project ကိစ္စ?"

"အဆင်ပြေတာပေါ့ တို့မင်းကို
ကြည့်ရုံနဲ့တင်ဘယ်လိုလူမျိုးလဲ
ဆိုတာသိနေပြီးသားလေ...ရှေ့လျှောက်
လက်တွဲသွားဖို့အတွက်မျှော်လင့်ထားပါမယ်"

ဂျောင်ကုမျက်ခုံးတစ်ဖက်ကိုခပ်ဆဆလေး
ပင့်တင်ရင်းမေးမိလိုက်တော့သူမရဲ့
မဆိုင်းမတွပြန်ဖြေသံနဲ့အတူနှုတ်ခမ်းပါး
တစ်စုံကဆွဲဆောင်မှုပြင်းစွာပြုံးပြသည့်
အပြုံးတစ်ခုနှင့်ဂျောင်ကုရဲ့မျက်နှာရှေ့
တည့်တည့်ကိုရောက်လာသော
လက်တစ်ဖက်...

Baby Tiger(Completed)Where stories live. Discover now