🐯.9.🐯

5.1K 570 42
                                    

.

unicode. .

.
.
ဒီတစ်နေ့တော့အလည်အပတ်ထွက်ချင်ပါ
သည်ဆိုသောကျားပေါက်ကြောင့်
အလုပ်ကိစ္စတွေကိုခနဘေးချိတ်ရပြန်သည်
LAကိုအလုပ်ကိစ္စနဲ့လာတာလား
သူ့ကြောင့်လာတာလားတောင်မသဲကွဲ
တော့သည့်သူ့အဖြစ်..

နေရာစုံလိုက်ပို့ပေးပြီးချိန်မှာတော့
အိမ်ပြန်လမ်း၌ကားထဲထိုင်နေတုန်း
ဘေးမှကျောင်းတစ်ကျောင်းကို
မြင်သွားလေသည် ကလေးတွေအများကြီး
ရှိတာကြောင့်ထိုနေရာကို
တစ်ခါသွားဖူးတဲ့မိဘမဲ့ဂေဟာလား
လို့တောင်မေးနေသေး၏

မိဘမဲ့ဂေဟာမဟုတ်ကြောင်း စာသင်ကျောင်း
ဖြစ်ကြောင်းသေချာရှင်းပြလိုက်တော့မှ
စူးစမ်းနေသည့်မျက်လုံးလေးတွေရပ်တန့်
လို့သွား၏ သူဒီကျားပေါက်ကိုကျောင်း
ထားပေးရမည်

လွန်ခဲ့သည့်နေ့ကဘဲhybird သီးသန့်ကျောင်း
တစ်နေရာကိုတွေ့ထားခဲ့သည်မို့ထိုနေရာ
မှာဖောင်ဖြည့်ခဲ့ပြီးပြီဖြစ်သည်
LAကိုဗြုန်းဒိုင်းရောက်ချလာတာမို့
ဝင်ခွင့်ရမရတောင်မသိလိုက်
ပြန်ရင်တော့အကျိုးအကြောင်း
စုံစမ်းရပေဦးမည်..

...........

LAကကုမ္ပဏီပူးပေါင်းမဲ့ကိစ္စက
အောင်အောင်မြင်မြင်ပင်
ပြီးဆုံးသွားသည် top.10ဝင်
ကုမ္ပဏီကြီးမဟုတ်ခဲ့သော်လဲအခုလို
မျိုးဆက်ကြိုးစားသွားရင်ရလဒ်ကတော့မကြာ
ခင်မှာပင်ထွက်ပေါ်လာမည်ဖြစ်သည်.
.
.
အခုမှကိုရီးယားကိုပြန်ရောက်လာတာ
ဖြစ်သည် အကြာကြီးခရီးသွားတာမျိုး
မဟုတ်ပေမဲ့လဲ ကိုယ့်နိုင်ငံမဟုတ်လို့လား
မသိ နေရတာတစ်မျိုးကြီးပင်
အခုပြန်ရောက်လာတော့စိတ်ထဲမှာ
နေလို့ကောင်းသွား၏

တိုက်ခန်းကိုပြန်လာပြီးခနနားလိုက်သည်
ဖုန်းကမေးလ်ကိုဖွင့်ကြည့်လိုက်သည့်
အခါမှာတော့ hybird ကျောင်းက
ဝင်ခွင့်ရသွားပြီဖြစ်ကြောင်းမေးလ်ပို့ထားတာ
ဖြစ်သည်

"ကျားပေါက်ရေ...ကျားပေါက်"

"ဟုတ်သခင်ရေ ခနစောင့် ထယ်ထယ်လာပြီ"

ဖန်ခွက်လေးတစ်ခွက်နဲ့အပြေးရောက်လာတဲ့
ကျားပေါက်ကအမြှီးနဲ့နားရွက်ကလေးကို
ထုတ်ထားဆဲဖြစ်ပြီးအခုထိမသိမ်းရသေး

Baby Tiger(Completed)Where stories live. Discover now