ဂူရှီးယွီကကျီချင်ပြောတာကြားမှ ခုနကသူ့ရဲ့ထူးဆန်းတဲ့အပြုံးကြီးကိုနားလည်တော့သည်။
စုံစမ်းစစ်ဆေးတာက ဆင်ခြေသက်သက်ပင်။
တကယ်ကသူ့မှာရှိတဲ့အချက်အလက်တွေကိုနှိုက်ထုတ်ဖို့ မဟုတ်လား။
"ကောင်းပီလေ"
ဂူရှီးယွီမငြင်းပါ။
ကျီချင်ကအဲ့လိုသဘောကောင်းကောင်းနဲ့ဖြေရှင်းပေးမယ်ဆိုတာ လုံး၀မယုံပေ။
ဟိုတယ်ကကိစ္စပီးကတည်းက ကျီချင်သူ့ကိုတချိန်လုံးစောင့်ကြည့်နေလောက်သည်။
အခုကိစ္စကသူ့ကိုကုမ္ပဏီကနေကန်ထုတ်ဖို့အခွင့်ကောင်းပဲမလား။

ဂူရှီးယွီဆိုသည်မှာ အချိန်နဲ့ယန္တရားဌာနချုပ်မှာတုန်းက ထိန်းချုပ်ခန်းထဲမှာကွန်ပျူတာဒေတာတွေနဲ့ပဲ၂ပါးသွားနေရတဲ့သူ။
တကယ်လို့ကျီချင်ကအဲ့ကိစ္စနောက်ကွယ်ကကောင်ကိုဖော်ထုတ်ဖို့မကူညီရင်လည်းကိစ္စမရှိ၊ကွကိုယ်ဖော်ထုတ်လို့ရတယ်။
ကျီချင်ကသူ့ဖုန်းထဲကဖိုင်တွေ၀င်မွှေလို့မရအောင် ဟိုတယ်ကပြန်လာပီးကတည်းက USBတခုထဲကိုဖိုင်တွေရွှေ့ထားပီးသားပင်။
passwordခံထားတဲ့ဖိုင်တွေကျတော့ ဖုန်းထဲမှာယာယီထားထားသေးသည်။
Laptopထဲကဖိုင်တွေတော့အကုန်ရွှေ့ထားသည်။
မူလပိုင်ရှင်လိုတော့လွယ်လွယ်ကူကူနဲ့ရှာလို့တွေ့အောင် လက်လွတ်စပယ်ထားတယ့်သူမဟုတ်ပါ။
အာ့ကြောင့်လည်း ကျီချင်သူ့ဖုန်းကိုတောင်းတုန်းကလွယ်လွယ်ပဲပေးလိုက်တာပေါ့။

ဖုန်းမင်ကုမ္ပဏီအတွင်းရေးတွေကိုတော့ သူကအာရုံကိုမရပေ။
သူ့ကိုခေါင်းကိုက်စေတာက ကျီချင်မှာအလွန့်အလွန်သတိကြီးသူဖြစ်ကာ သူ့ရဲ့ကုမ္ပဏီအတွင်းအပြင်အချက်အလက်တွေကိုအဆင့်မြှင့်ထားခြင်း။
ဂူရှီးယွီဖုန်းထဲမှာဘာမှရှာမတွေ့တဲ့အတွက် ကျီချင်အံ့သြသွားလိမ့်မည်။
ဒါပေမယ့်ကျီချင်က ဒီအခွင့်အရေးကိုအခွင့်ကောင်းယူပီးသူ့အားကုမ္ပဏီမှထွက်ခိုင်းရင် သူသာသာယာယာလေးထွက်လာပီး ကျီလုပ်ငန်းစုကြီးထဲ၀င်မည်။
ပီးရင်ကျီဇီရွှမ်ကို ကျီချင်ထောင်ထားတဲ့ထောင်ချောက်တွေထဲမကျအောင်သတိပေးပီး ကျီမိသားစုမှာကျီဇီရွှမ်ရဲ့ရာထူးနေရာတည်မြဲနေအောင်ကူညီပေးမည်။

ကျီချင်က ဂူရှီးယွီဖုန်းကိုဒါရိုက်တာလီအားပေးလိုက်ပီးနောက် ကောင်လေးကိုစွေကြည့်လိုက်ပီး လက်မြှောက်ကာခေါင်းအားပုတ်ပေးလိုက်သည်။
ပီးတော့ ကြင်နာနူးညံ့တဲ့လေသံနဲ့
"ဘေဘီ စိတ်မဆိုးနဲ့နော်။ကိုယ်ကကုမ္ပဏီရဲ့ဥက္ကဌတယောက်အနေနဲ့ လုပ်သင့်တာလုပ်လိုက်တာပါ။
ကိုယ်မင်းကိုအကြွင်းမဲ့ယုံတယ်ဆိုတာ သိတယ်မလား"
ဂူရှီးယွီကြက်သေသေသွားလေပီ။
ဘယ်သူကမှသူ့ကိုအဲ့လိုပိုင်စိုးပိုင်နင်းမဆက်ဆံဖူးပါ။
ဒါရိုက်တာလီနဲ့တံခါး၀ကအတွင်းရေးမှူးမျက်နှာတွေ ပျက်ယွင်းလာတာကိုတောင်မြင်နေရသည်။

ဗီလိန်ကငါ့Systemကို၀င်စီးသွားတယ်{မြန်မာဘာသာပြန်}Wo Geschichten leben. Entdecke jetzt