Part (38) (မင်းနဲ့တူတဲ့ သားလေးတွေလိုချင်တယ်)

Start from the beginning
                                    

" အဟွတ် "

မောင့်အသံက တစ်ဖက်လူကြားနိုင်တဲ့အထိကျယ်တာကြောင့် ညို့အားနာနာနှင့်ချောင်းဟမ့်လိုက်သည်။ မောင့်ကိုလက်တို့ကာ မပြောဖို့သတိပေးပေမယ့် မောင်က ရဟန့်ကိုလှမ်းကြည့်နေပြီ။

" မင်းမပြန်သေးဘူးလား "

" ပြန်မှာပါ! ရောက်နေတာလည်းကြာပြီဆိုတော့လေ "

" ပြန်တော့မှာလား ခွန်းသလေး ၊ အန်တီက သားကိုညစာကျွေးပြီးမှပြန်လွှတ်မလို့ကို ၊ အယ် သားတောင်အလုပ်ကပြန်လာပြီပဲ ၊ နေပါဦး မင်းတို့အိမ်ပေါက်ဝကြီးမှာ ဘာလို့ပိတ်ရပ်နေကြတာတုန်း ၊ လာထိုင်ကြ "

အခန်းထဲမှထွက်လာသည့်မေမေ့ကြောင့် တည်မြဲငြိမ်သွားသည်။ မေမေနဲ့ အဲ့ဒီမော်ဒယ်ကောင်လေးနဲ့က ဘာလို့ဒီလောက်ရင်းနှီးနေကြတာလဲ။ တည်မြဲ ခေါင်းငြိမ့်လိုက်ပြီး အိမ်ပေါ်တတ်လိုက်တော့သည်။ ဟိုတစ်ယောက်လိုက်တတ်လာသံကြားပေမယ့် တစ်ဆက်ထဲ " ထမင်းစားပြီးမှပြန်နော် " ဆိုတဲ့အသံကြောင့် တည်မြဲ လက်သီးကိုတင်းခနဲဆုပ်မိလိုက်၏။ မကြိုက် ၊ သူတစ်ခြားသူတွေကိုဖော်ရွေတတ်တာတွေ ၊ သဘောကောင်းတာတွေကိုမကြိုက်။ သူ့ဘက်ကဘယ်လိုပဲရိုးရိုးသားသားပါလို့ပြောနေပါစေ ၊ တစ်ဖက်ကလူက မရိုးမှမရိုးသားတာ။ သူလည်းသိရဲ့သားနဲ့ ၊ သူ့ကိုကြိုက်နေတဲ့ကောင်ကို ညစာစားဖို့တောင် ခေါ်လိုက်သေးသည်။

" မောင် ငါလုပ်ပေးပါ့မယ် ငြိမ်ငြိမ်နေ "

လက်ကကြယ်သီးက ကြပ်နေတော့ တည်မြဲဖြုတ်မရဖြစ်နေ၏။ ဟိုတစ်ယောက်က အရှေ့ကိုရောက်လာပြီး ကြယ်သီးတွေကိုဖြုတ်ပေးနေတာကြောင့်ငြိမ်နေလိုက်သည်။ လက်ချောင်းရှည်သွယ်သွယ်များက ပျော့ပြောင်းကာ ဖွေးဥနေသည်။ ကြယ်သီးကို အာရုံစူးစိုက်ဖြုတ်နေ၍ အပေါ်စီးကနေ သူ့မျက်တောင်ရှည်တွေကို မြင်နေရသည်။

မျက်တောင်ရှည်ကြီးများက အံ့သြစရာကောင်းလွန်းသည်။ အဖျားလေးတွေမှာ ကော့တတ်သွားပြီး မျက်တောင်အရေအတွက်က သာမန်ထက်များ၏။ မဲနက်ကာ ကော့နေတာဖြစ်သည်။ မျက်တောင်များပုတ်ခတ်ပုတ်ခတ်လုပ်လာပြီး မျက်လွှာပင့်ကာ ​မော့ကြည့်လာသူကို တည်မြဲမျက်နှာလွှဲလိုက်မိသည်။ ထိုမျက်လုံးရွဲကြီးများထဲတွင် ကြယ်တာရာအစုအဝေးများရှိနေသကဲ့သို့ဖြစ်၏။

ASTILLBE (Completed)Where stories live. Discover now