" ကိုယ့်ကို လွှားက ကယ်ပေးထားတာမလား "

ဝန်း တိတ်ဆိတ်နေရာမှ ချက်ချင်းမော်မော်ကြွားကြွားနဲ့ပင် တုံ့ပြန်လိုက်သည်။

" အော်.....ကျေးဇူးတင်စရာမလိုတဲ့ဟာကို မလာလည်းရရဲ့သားနဲ့ လွှားအတွက်နဲ့ အလုပ်ရှုပ်နေပါဦးမယ် "

ဝန်း မော်မော်ကြွားကြွားပြောသလောက် လွှားကတော့ ညိုးညိုးငယ်ငယ်ပင်ပြန်ဖြေလာသည်။လွှား က အစ်ကိုလာမှာကို သိပ်မလိုလားဟန် ။

" ရှုပ်စရာလား လွှား ရဲ့ ခနနေလောက်နေရင် ကိုယ်တို့ ရောက်မယ်နော် "

ဝန်းကလည်း အစ်ကို့ကိုခေါ်သွားဖို့ရာ အင်မတန်အားသန်နေတဲ့သူ။

" ဝန်း "

ဖုန်းချပြီးချင်းမှာပင် အစ်ကိုက တစ်ခုခုပြောဖို့ရန်ရည်ရွယ်သည်။

" ပြွတ်စ် "

အစ်ကိုဘာစကားမှပြောမလာခင် အစ်ကို့နှုတ်ခမ်းဖူးဖူးလေးကို ဖွဖွနမ်းလိုက်သည်။အစ်ကိုက ကြည်ကြည်နူးနူး
တခဏပြုံးလိုက်ပေမယ့် မျက်နှာမသစ်ပဲနမ်းလို့ဆိုပြီး ရန်းကျောကို တစ်ချက်ဗျင်းလိုက်သေးသည်။အစ်ကို့လက်ဆက သိတဲ့အတိုင်း အတော်ပင်စိမ့်သည်။

" ငါ မလိုက်တော့ဘူး "

ဝန်း မှန်းဆထားပြီးသားပင်။ လွှားနဲ့ပြောနေတာတွေကို အစ်ကိုကအတိုင်းသားအလုံးစုံကြားနေတာ
ကြောင့် ဒီလိုပြောလာလိမ့်မယ်ဆိုတာဝန်း သိပြီးသား။

" ကျွန်တော် ရေချိုးလိုက်ဦးမယ် အစ်ကိုလည်း ပြင်ထားတော့နော် "

ပြောချင်တာ ပြောပြီး အခန်းထဲပြေးဝင်သွားးသော ဝန်းငယ်ကြောင့် သက်ပြင်းမောချရပြန်သည်။နေမကောင်းတဲ့သူကိုစိတ်မကောင်းဖြစ်အောင်များ လုပ်သလိုဖြစ်နေမလား။

မ​တွေ့ဆုံချင်တဲ့ လူနှစ်ယောက်ကို အတင်းတွေ့ဆုံစေရန် လုပ်ဆောင်နေသော တဇွတ်ထိုးလေး​ကြောင့် ရန်း စိတ်မောရပြန်သည်။ ဝန်းကြောင့်သာ၊ဝန်းအတွက်ကြောင့်သာ ရန်းက သွားတွေ့မှာဖြစ်သည်။တဖက်လူက ရန်းနဲ့တွေ့ဖို့မလိုလားသလို ရန်းဘက်ကလည်းမျက်နှာချင်းဆိုင်ဖို့ ခက်သည်။ဝန်းကလည်းသိပ်ခက်သည်။

When You Find Lost Love AgainWhere stories live. Discover now