Chapter(308) - တစ်သီးတစ်သန့်မိသားစုများ

Start from the beginning
                                    

တံခါးစောင့်တဲ့ စိနီယာအကိုက ကျောက်စိမ်းပြားကိုလည်း ကျန်းယွင်ရှီထံ ပြန်ပေးလိုက်ကာ တီးတိုးပြောလိုက်၏။

"အသျှင်ကိုယ်တော်မြတ် ပြောတာတော့ ကျောက်စိမ်းပြားက တစ်ခါပဲ သုံးလို့ရပါမယ်တဲ့, တစ်ခါသုံးပြီးတာနဲ့ အစွမ်းကုန်သွားပြီလို့ပြောပါတယ်"

ကျန်းယွင်ရှီရဲ့ အမူအယာက အနည်းငယ် ပြောင်းလဲသွားသည်။ သူက ကျောက်စိမ်းပြားအား ငုံ့ကြည့်ရာ မျက်နှာပြင်ပေါ်ရှိ မျဉ်းဖြောင့်များဖြင့် ချိတ်ဆက်ထားသော ငွေရောင်ကြယ်ပွင့်များသည် မူလကျောက်၏အရောင်သို့ လုံးဝမှိန်သွားကာ ခပ်တိမ်တိမ် အစွန်းအထင်းများသာ ကျန်ရှိတော့သည်ကို တွေ့လိုက်ရသည်။ 

ကျန်းယွင်ရှီက ကျောက်စိမ်းဆွဲသီးအား ဘေးဖယ်ထားလိုက်တော့သည်။

"ကျေးဇူးတင်ပါတယ်"

တံခါးစောင့်တဲ့ စိနီယာအကိုက လောဆော်လာ၏။

"မြန်မြန်ဝင်သွားတော့, သွားဖို့ ခရီးရှည်ကြိးကျန်သေးတယ်; အသျှင်ကိုယ်တော်မြတ်ကို အကြာကြီး မစောင့်ရစေနဲ့"

ကျန်းယွင်ရှီက ခေါင်းညိတ်ပြလိုက်ပြီး သူ့ဓားကို ပြန်သိမ်းဆည်းကာ တောင်ရဲ့ ဂိတ်ပေါက်ဝသို့ လျှောက်သွားတော့လေ၏။

"ဟေး, ခဏစောင့်ဦး"

လျှိုကျောက်ယွဲ့က နောက်ကလိုက်သွားပြီး ကျန်းယွင်ရှီ၏ လက်မောင်းအား လှမ်းဆွဲလိုက်သည်။

"ငါ့ကိုပါ ခေါ်သွားပေး"

ကျန်းယွင်ရှီက သူ့လက်မောင်းကို ကိုင်ထားတဲ့ လက်အား ငုံ့ကြည့်လိုက်လေသည်။

"ကိုယ့်ဘာသာကို ဝင်ဖို့လမ်းရှာ"

ထိုစကားနဲ့အတူ ကျန်းယွင်ရှီက လျှိုကျောက်ယွဲ့၏လက်အား ဖြုတ်ချပစ်လိုက်သည်။ သူက သူ့ရဲ့ အနက်ရောင် တာအိုဝတ်စုံလက်အား ခါလိုက်သောအခါ အင်္ကျီရဲ့ အစွန်အဖျားများတွင် ယက်လုပ်ထားသည့် ရွှေရောင်လိုင်းများက လျှိုကျောက်ယွဲ့၏ မျက်နှာအား ပွတ်တိုက်သွား၏။

လျှိုကျောက်ယွဲ့က ထိုဖြစ်ရပ်ကြောင့် ကြောင်တောင်တောင် ဖြစ်သွားပုံရသည် ; တစ်ကြိမ်လောက်တော့ သူကချက်ချင်း ထခုန်ပြီး မဆဲပေ။ အဲ့ဒီအစား အနေခက်စွာဖြင့် နှာခေါင်းကိုထိနေသည့် ကျန်းယွင်ရှီကိုသာ ဗလာဖြစ်စွာ စိုက်ကြည့်နေမိသည်။ ကျန်းယွင်ရှီက စကားပြောဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ ရုတ်တရက်ပင် လျှိုကျောက်ယွဲ့က ဒေါသတကြီး သောင်းကျန်းတော့လေသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now