ဒီတစ်ခါအံ့သြသွားရတာက မုန့်ရန်...

"သူတို့..သူတို့ပြောတော. ခင်ဗျားက အရမ်းတော်တာပဲဆို.."

Kaiက ခဏလောက်စဉ်းစားနေလိုက်သေးတယ်။

"ဒေါက်တာDevicနဲ့ ဒေါက်တာ Korchi ပြောတာတော့ ခင်ဗျားက ကျွန်တော့်ကို နေကောင်းအောင်ကုပေးနိူင်တယ်တဲ့။ဖရန်ဆွန်ကကျတော့ ခင်ဗျားက အိမ်မက်ဆိုးတွေမမက်အောင်လုပ်ပေးနိုင်တယ်တဲ့။Selsey ကလဲပြောတယ်..ခင်ဗျားက အရမ်းတော်ပြီး အရမ်းပါရမီရှိတာတဲ့ ခင်ဗျားဖော်စပ်ထားတဲ့ ရေမွှေးကို ကျွန်တော့်ကိုလက်ဆောင်ပေးသေးတယ်။အနံ့အရမ်းကောင်းတာပဲ...ကျွန်တော်တကယ်ကြိုက်တာ..."

"ငါက အခုမှ ကျောင်းတက်နေတုန်း...ငါ့မှာရနံ့ကုထုံးလိုင်စင်ပဲရှိတာ...စိတ်ရောဂါကုသရေးလက်မှတ် မရသေးဘူး။အခုမှ စိတ်ရောဂါအကြောင်းကို လေ့လာနေတုန်းပဲရှိသေးတယ်"

"ရနံ့ကုထုံးပညာရှင်လား??..ဒါဆို စိတ်ရောဂါကုဆရာဝန်မဟုတ်ဘူးပေါ့??"

"ငါ့ကို စိတ်ရောဂါဆရာဝန်လို့ ထင်နေတာကြောင့် မင်းရဲ့ အကြောက်တရားနဲ့ ပတ်သတ်တဲ့ မေးခွန်းတွေမေးတိုင်း ပတ်ပြေးနေတယ်ဆိုပါ​တော့...ငါပြောတာ ဟုတ်တယ်မဟုတ်လား??"

"ဒါဆို..အိမ်မက်ဆိုးတွေ မမက်အောင်လုပ်ပေးနိုင်လားဟင်??ဖရန်ဆွန်ကပြောတယ်..ခင်ဗျားမှာ အဲ့လိုလူနာတွေကို ကုပေးထားတဲ့ အတွေ့အကြုံတွေရှိတယ်တဲ့...ကျွန်တော်သာ ခင်ဗျားစကားကို နားထောင်မယ်ဆို မြန်မြန်သက်သာလာမှာတဲ့.."

"အဲ့တာ မင်းအပေါ်အများကြီး မူတည်သွားပြီ။မင်းဘက်က ကုချင်တယ်ဆို ငါ ကုပေးနိုင်တယ်။မင်းဘက်က မကုချင်ဘူးဆိုရင်တောင် ငါကတော့ ရအောင် ကုမှာပဲ..."

"ဒါပေါ့...ကျွန်တော်လဲ ကုချင်တာပေါ့.."

"ဟုတ်လို့လား??မင်းစိတ်ထဲရှိတဲ့ အ​​ဖြေက မင်းပြောလိုက်တာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်မလား??အိမ်မက်ဆိုးမက်တာက မင်းကို အရမ်းထိတ်လန့်စေတာကြောင့် မင်းလုံးဝ အိပ်လို့မပျော်တော့ဘူး။အိပ်မပျော်တာကြီးက မင်းကို သေလောက်အောင် မသက်မသာဖြစ်စေတယ်..."

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now