Chapter(307) - လက်ထဲကဓားနဲ့ တောင်ကိုစိန်ခေါ်ခြင်း

Start from the beginning
                                    

လင်ရွှမ်းဇီရဲ့ ကျင့်ကြံမှု စွမ်းရည်က ဒဏ်ရာမရခင်တုန်းကဆိုရင် ဘယ်လောက်တောင် ကြောက်မက်ဖွယ် ကောင်းလဲ ဆိုတာကို သူ့ထက်ဘယ်သူမှ ကောင်းကောင်း မသိနိုင်ပေ။ ထိုလူ့အတွက်ကတော့ကျင့်ကြံဆင့် တိုးတက်ခြင်းက ဒီအတိုင်းသာမာန် ထမင်းစားရေသောက်လောက်သာ ပုံမှန်ဖြစ်သည်။ နောက်ပိုင်းနှစ်တွေမှာ သူ့အရှိန်နုှုန်းက အနည်းငယ် နှေးကွေးသွားပေမယ့်လည်း ဂိုဏ်းထဲဝင်ခါစ နှစ်တွေမှာ သူ့ကျင့်ကြံဆင့်က အလွန်ကို မြန်ဆန်လွန်းတဲ့ အရှိန်နှုန်းနဲ့ သုံးရက်တစ်ကြိမ် ပြောင်းလဲနေတယ်လို့ ပြောရင်တောင် မမှားပေ။

အကယ်၍ ရီသောက်ကသာ လင်ရွှမ်းဇီကို အမျိုးမျိုး စစ်ဆေးပြီးနောက်မှာ နတ်ဆိုးလမ်းကြောင်းတို့ မဖြောင့်မှန်တဲ့ လမ်းကြောင်းတို့ကို ထိတွေ့ထားခြင်း မရှိပဲ သာမာန်နည်းစနစ်များကိုသာ ကျင့်ကြံတာကို မသိခဲ့ဘူးဆိုရင် လင်ရွှမ်းဇီအား နတ်ဆိုးအတတ် ကျင့်ကြံသူဟု ထင်မိလိမ့်မည်။

လင်ရွှမ်းဇီရဲ့ ပါရမီစွမ်းရည်ထက် ပိုပြီးကြောက်စရာကောင်းတာ မရှိတော့ဘူး

တာအိုအရှင် ရီသောက်က နှစ်ပေါင်းများစွာ နေခဲ့ပေမယ့် ဒီလို ကြောက်မက်ဖွယ် ဝန်းကျင်နဲ့ ထိတ်လန့်ဖွယ် ပါရမီရှင်မျိုးကို တစ်ယောက်တည်းသာ မြင်ခဲ့ဘူးပြီး အဲ့ဒီလူကလည်း လင်ရွှမ်းဇီသာဖြစ်သည်။

ဂိုဏ်းချုပ်တောင်မှ မနေနိုင်စွာ ခံစားချက်အပြည့်ဖြင့် သက်ပြင်းချမိပြီး သူက တိုက်ကြီးငါးတိုက်လုံးတွင် အတိတ်နှစ်ငါးရာမှာရော အနာဂတ် နှစ်ငါးရာမှာပါ တစ်ဦးတည်းသော သူဖြစ်ကြောင်း ပြောခဲ့သေးသည်။

ရိုးရိုးသားသားပြောရရင် သူလည်း ဒီလိုပါရမီရှင်မျိုးကို ပစ်ပယ်ဖို့ ဆန္ဒမရှိခဲ့ဘူး!

သို့ပေမယ့်လည်း သူက ကြောက်မက်ဖွယ် ပါရမီရှင်တစ်ယောက် ဖြစ်နေရင်တောင် လက်ဝါးကြီးအုပ်ထားနိုင်လောက်တဲ့ အကျိုးအမြတ်အတွင်းမှာ ဆိုရင်တော့ သေချာပေါက် သိပ်မကောင်းသေးပေ။

မဟာအကြီးအကဲ ချင်းယွင်က မဟာအကြီးအကဲ လန်ယွဲ့ကို လှမ်းကြည့်လေသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now