Part (36) ( မောင့်ကို မိသားစုလေးတစ်ခု ပေးချင်ရုံတင်ပါ)

Start from the beginning
                                    

နောက်တစ်ခါဆို သေချာပေါက် မင်းကိုအောက်ပို့မယ် ရဟန်ခွန်းသ။

" အင်းပါ ဘာပဲဖြစ်ဖြစ် ငါ့ကိုမရှောင်ပါနဲ့ မင်းကငါ့အခင်ဆုံးသူငယ်ချင်းလေ မင်းကရှောင်နေတော့ ငါအပြစ်ရှိသလိုခံစားရလို့ပါ နော် "

" အင်း အင်း "

ရဟန်ခွန်းသ၏ ပုံစံက နိုင်ငံခြားမော်ဒယ်များနှင့်တူသည်။ ဂုတ်ထောက်နေသည့်ဆံပင်ကို wolf cut ညှပ်ထားတာဖြစ်သည်။ အရပ်ရှည်ရှည် အသားဖြူဖြူနှင့်ဆိုတော့ သူ့ပုံစံက မိန်းခလေးတွေ၏ အသည်းစွဲပုံစံမျိုးဖြစ်သည်။ တစ်ခါတစ်လေ ဆွဲကြိုးတွဲလောင်းတွေကိုလည်းမျက်စိနောက်အောင်ဝတ်တတ်သေးသည်မို့ မန်နေဂျာဖြစ်သည့်သူကပဲ ဖြစ်သလိုဝတ်ဆင်ခွင့်ကိုတားမြစ်ထားရသည်။ သို့ပေမယ့် ဘာဝတ်ဝတ်ကြည့်ကောင်းနေတော့လည်း သိပ်မပြောဖြစ်တော့ပေ။

" ခွန်းသ ဒါကြော်ညာမှာ မင်းပြောရမယ့် Dialogueတွေ ၊ သဘာဝကျကျပြောရုံပဲသိလား ၊ပြီးတော့ make upပြင်ပေးမယ့်သူကရောက်နေပြီ "

ရဟန်ခေါင်းငြိမ့်လိုက်ပြီး Keyကိုဆွဲခေါ်ကာ ထိုအခန်းထဲဝင်သွားလိုက်သည်။ Make upပြင်နေတဲ့တစ်လျှောက်လုံး Dialogueကို ဘယ်လိုကိုယ်ပိုင်ဟန်နှင့်ပြောရမည်ကို တွေးနေမိ၏။ မိနစ်အနည်းငယ်ကြာပြီးနောက် သူဘာလုပ်ရမလဲဆိုတာသူသိသွားသည်။ Make up ဆရာက သူ့ရဲ့အာရုံစိုက်နိုင်စွမ်းကို အံ့သြနေပုံပေါ်သည်။ သူသုံးသွားတာ ငါးမိနစ်ထဲကို။ တကယ်တော့ camera ရှေ့မှာ သရုပ်ဆောင်ရတာ ဖိအားများလွန်းသည်။ ရဟန်ခွန်းသအတွက်ကတော့ cameraရှေ့မှာ ရပ်ရတာအပန်းမကြီးလှပေ။ နေသားကျပြီးသားဖြစ်သလို အားလုံးကို သဘာဝကျကျသာ လုပ်ဆောင်သွားမည်ဖြစ်သည်။

" Key ခဏလာပါဦး "

" အင်း "

ရဟန်ခွန်းသ၏ မန်နေဂျာကလည်း တော်တော်ကြည့်ကောင်းတာကြောင့် အကျီယူလာပေးတဲ့ ကောင်မလေးတွေက မသိမသာငမ်းနေကြသည်။ မန်နေဂျာက အရပ်ကလည်းရှည်ပြီး မိုက်တာကြောင့် အကြည့်မလွှဲနိုင်ဖြစ်နေရ၏။ ရဟန်မျက်မှောင်ကြုတ်လိုက်မိသည်။ ခံစားချက်ကတစ်မျိုးပဲ ၊ အရင်က Keyကို သူများတွေကြည့်ရင် ဂုဏ်ယူနေမိတာ။ မန်နေဂျာချောချောလေးရထားတာ သူကံကောင်းသည်ဟုတွေးမိ၍ဖြစ်သည်။ အခုတော့ Keyကိုကြည့်နေကြတာကို အနှောက်အယှက်ဖြစ်သည်ဟု ရဟန် ခံစားရသည်။ Keyက ငုံ့ကိုင်းလိုက်တာနှင့် ရဟန့်မျက်နှာအနားကပ်သွားရသည်။ ရဟန်ခွန်းသက လက်ပြန်အနေအထားနှင့် Key၏လည်ပင်းအနောက်ကိုအုပ်ကိုင်ကာ ဆွဲခေါ်လိုက်တာကြောင့်ဖြစ်သည်။ နှစ်ယောက်သားခဏတော့ အကြည့်ချင်းဆုံသွားသည်။

ASTILLBE (Completed)Where stories live. Discover now