"ကျေးဇူးပါဖေရှီး!...အဲ့ကိစ္စအကိုတကယ်မသိလိုက်ဘူး..."

[ကိစ္စမရှိပါဘူး စီနီယာ...နေ့လည်ကကိစ္စ ရိပေါ်ကိုကျွန်တော်ပြောပြလိုက်ပါသေးတယ်...စီနီယာ့ကိုရိပေါ်အကြာကြီးစိတ်မဆိုးလောက်ပါဘူး...ခုလည်းဝမ်ဦးလေးနှစ်ပတ်လည်နဲ့သူအလုပ်များနေလို့နေမှာပါ...]

ဖေရှီးရဲ့အားပေးစကားကိုခေါင်းတငြိမ့်ငြိမ့်လုပ်ရင်းသာဖုန်းချလိုက်ရတယ်။ညဆာလည်းထွက်စားချင်စိတ်မရှိတော့တာမို့ဖန်းဝေကိုတယောက်တည်းသွားတော့ဖို့သာပြောပြီးအခန်းထဲပြန်ဝင်လာလိုက်တယ်။

စာလုပ်ရန်စာကြည့်စားပွဲမှာထိုင်ပြန်တော့လည်းအခန်းတွင်းတစုံတယောက်ရှိမနေ၍မသိစိတ် သိစိတ်တို့ကဟာတာတာ။စားပွဲထက်ကညမီးအိမ်ကိုအချိန်အတော်ကြာငေးနေမိရာမှ သတိရစိတ်တို့တိုးလာသည်မို့ ဝေဒနာသက်သာရန်အလို့ငှာ အံဆွဲထဲalbumစာအုပ်လေးထုတ်ယူလိုက်မိတယ်။

Photo albumလေးရဲ့ရှေ့မျက်နှာဖုံးမှာစတေကာစာလုံးလှလှလေးတွေကပ်ထားတယ်။//နန်ဟိုင်း(ကောင်လေး)//ဆိုသည့်စာတန်းလေးက ထိုalbumတခုလုံးနဲ့သက်ဆိုင်သူ မြတ်နိုးရသူကိုသာရည်ညွှန်းထားခြင်းဖြစ်တယ်။

-ချစ်ဖို့ကောင်းတယ်-
ပထမစာတန်းလေးနဲ့အတူ ဆံပင်ကိုထိပ်မှာကြက်တောင်စည်းလေးလိုစုစည်းထားသည့်အထက်တန်းကျောင်းသားလေးရဲ့ဓာတ်ပုံ။

-အစားပုတ်လိုက်တာ ဒါမဲ့ ချစ်စရာကောင်းတယ်-
နောက်ထပ်စာတိုလေးတကြောင်း။ထမင်းငုပ်စားနေသည့်အထက်တန်းကျောင်းသားလေးရဲ့ နောက်ထပ်ဓာတ်ပုံတစ်ပုံ။

-မိုးတွေရွာနေတယ်၊နဘေးက ကောင်လေးကချစ်ဖို့ကောင်းနေတယ်-
စာကြည့်တိုက်ရှေ့အုတ်ခုံမှမသိမသာရိုက်ယူထားသည့်ရှောင်းကျန့်အပါအဝင်ရိပေါ်မျက်နှာလေးပါသည့်sefileပုံ။

-လွမ်းတယ်-
-သတိရတယ်-
-မင်းကို  တွေ့ချင်လိုက်တာကွာ-
-ဘယ်မှာများလဲ ကောင်လေး-
-ကိုယ်နားလည်လိုက်ပြီ-
-ပိုသေချာလာတယ်ကွ-
-မင်းကိုချစ်မိနေပြီ အရမ်းပဲ-
ဓာတ်ပုံမပါသည့်စကားစုတချို့ ရက်စွဲအတော်များများကိုကြီးစိုးထားတယ်။

LOVE ME,OK![Complete]Où les histoires vivent. Découvrez maintenant