"ကိုယ် နေ့​လည်ကတည်းကပြန်ရောက်နေတာလေ..မင်းနဲ့အတူ နေ့လည်စာစားပြီးကတည်းက စားကြည့်ခန်းထဲမှာ အလုပ်လုပ်နေခဲ့တယ်ဆိုတာ မေ့နေတာလား??"

မုန့်ရန်ရဲ့ နဝေတိမ်တောင်ဖြစ်နေတဲ့ အမူအရာကြောင့် လော်ရှို့ပိုပြီး စိတ်ပူနေပြီ။

"အချိန်တွေကုန်တာမြန်လို​က်တာ..ကျွန်တော်တောင်သတိမထားမိလိုက်ဘူး"

မုန့်ရန်ပြုံးနေတယ်။

"ဘာလို့ ငိုနေတာလဲ??"

လော်ရှို့က မုန့်ရန်ရဲ့ မျက်ရည်တွေကို လက်မနဲ့ ခပ်ဖွဖွသုတ်ပေးလိုက်တယ်။

"ထားလိုက်ပါတော့...ဘာအကြောင်းပဲဖြစ်ဖြစ်မေ့လိုက်တော့၊ ထပ်မစဉ်းစားနေနဲ့တော့။ပြောပြချင်စိတ်မရှိလဲ ရတယ်။ကိုယ်မမေးတော့ဘူးနော်"

"ကျွန်တော် ငိုမိလို့လား??"

မုန့်ရန် ဇဝေဇဝါဖြစ်နေပြီ။ကိုယ့်မျက်နှာ ကိုယ်ကိုင်ပြီး  ခဏလောက်ပြန်စဉ်းစားလိုက်တယ်။

"မျက်တောင်မခတ်ဘဲ ကြာကြီး အာရုံစိုက်မိလိုက်လို့ မျက်ရည်ကျလာတာဖြစ်မယ်။စိတ်မကောင်းဖြစ်စရာတွေ တွေးနေတာမဟုတ်ပါဘူးဗျာ"

တကယ်လဲ စိတ်မကောင်းစရာတွေတွေးနေတာမှမဟုတ်တာ..ကျူယောင်ကိုရောက်ရင် ဘာဆက်လုပ်ရမလဲဆိုတာ တွေးနေရုံပါပဲ။ဘာကြောင့် မျက်ရည်ကျတယ်ဆိုတာ သေချာမသိပေမယ့် သူ ဝမ်းနည်းနေတာမဟုတ်တာတော့ သေချာပါတယ်။

လော်ရှို့က မုန့်ရန်ရဲ့ နဖူးကို နမ်းလိုက်ပြီး...

"ဒီရက်ပိုင်းပင်ပန်းနေတယ်မလား...နားရက်ယူပြီး နားလိုက်ဉီး"

မုန့်ရန်က ပြန်ဖြေရမယ့်အစား...

"ကျောင်းက ဒီတစ်ခေါက်ပိတ်ရက်ကို ကျူယောင်ကို သွားခိုင်းနေတယ်။အတူတူလိုက်ခဲ့ပေးပါလား။ဒီအတိုင်း နားရက်မှာ အပန်းဖြေခရီးထွက်တယ်လို့ပဲ သဘောထားလိုက်"

"အင်း..."

လော်ရှို့ တုံ့ဆိုင်းမနေဘဲ ချက်ချင်းသဘောတူလိုက်တယ်။မုန့်ရန်ဘက်က အခုလို တောင်းဆိုလာတာကို ဘာကြောင့် ငြင်းဆန်ရမှာလဲ??

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now