ပိုင်လီထျန်ယီမှ ၎င်းအား ထိုင်ခုံပေါ်ထိုင်ရန် ကူညီပေးခဲ့ပြီးမှ အိတ်ယူရန် ထွက်သွားခဲ့သည်၊ ခဏကြာသော် မှော်အိတ်တစ်လုံးဖြင့် ပြန်ရောက်လာသည် ။

ထန်ယွိလင်မှ စာရင်းစာရွက်အား တစ်ချက်ပြန်စစ်ဆေးကာ ယူရှောင်မိုထံသို့ လွှဲပေးလိုက်သည် ။

" ရှာတွေ့ပြီးတဲ့ဆေးပင်တွေကို ကျွန်တော် အမှန်ခြစ်ပြထားပါတယ်၊ ကျန်နေတာတွေက တွေ့ရခဲတဲ့ဆေးပင်တွေမို့လို့ တစ်ခါတည်းစုဆောင်းမိဖို့ နည်းနည်းခက်တယ်၊ ဒါပေမယ့် အချိန်နည်းနည်းလောက်ပဲ ထပ်ပေးပါ၊ ကျွန်တော် သေချာပေါက်ရှာမှာပါ "

ယူရှောင်မို စာရင်းစာရွက်အား စစ်ဆေးကြည့်လိုက်သည်၊ ထိုအထဲတွင် အမှန်ခြစ်ထားသည့် ဆေးပင်အမည်များအပြင် လုံးဝခြစ်ချထားသည့်ဆေးပင်များလည်းရှိသည်၊ ၎င်းတို့မှာ ယခင်တစ်ခေါက်က ယူရှောင်မိုငွေချေပြီးသည့် ဆေးပင်များဖြစ်သည်၊ ဘေးတွင်မူ ရှာဖွေရသမျှ အရေအတွက်ကိုပါ အတိုကောက် ရေးမှတ်ပေးထားသေးသည် ။

ယူရှောင်မို အနည်းငယ် တွက်ချက်လိုက်သည်၊ မရင့်မှည့်သေးသော ဆေးပင်များစွာ ပါဝင်သော်လည်း ယခုတစ်ခေါက်တွင် ယခင်ကထက် ပိုများများရခဲ့သည်၊ ထို့ကြောင့် ကျသင့်ငွေအား သေချာ တွက်ချက်ပြီးသော် အမှတ်ပေါင်း ထောင့်ငါးရာကျော်အား ထန်ယွိလင်ထံသို့ လွှဲပြောင်းပေးလိုက်ပေသည် ။

ယူရှောင်မို သူ့ကဒ်ထဲ၌ ကျန်ရှိနေသော အမှတ်ပေါင်း တစ်ထောင်စွန်းစွန်းလေးအား တိတ်တဆိတ်ကြည့်ရင်း စိတ်မချမ်းမသာဖြစ်နေမိသည်၊ ထို့နောက် မကြာမီရက်ပိုင်းအတွင်း ထိုပမာဏအတိုင်း ရအောင်ပြန်ရှာမည်ဟု မိမိကိုယ်ကိုယ် အခိုင်အမာ ကတိပေးလိုက်သည်၊ မကြာသေးမီကမှ အဆင့်တက်ထားသည်ဖြစ်ရာ အဆင့်ခုနစ်ဆေးလုံးများလည်း ဖော်စပ်ရောင်းချနိုင်တော့မည်ပင် ။

ထို့နောက် ထန်ယွိလင်နှင့် ပိုင်လီထျန်ယီအား နှုတ်ဆက်ပြီး အခန်းဆီသို့ပြန်လာကာ နယ်မြေအတွင်းသို့ တိုက်ရိုက်ဝင်ရောက်လိုက်သည် ။

ယူရှောင်မို ရေကန်နံဘေးသို့ လမ်းလျှောက်လာခဲ့သည်၊ ရေကန်အတွင်း၌ တစ်ဝက်ကျော်ကျော်မျှသာ ကျန်ရှိတော့သည်ပင်၊ စိတ်စွမ်းအင်အရည်များ ပြန်လည်တိုးပွားလာရန် ချိုအသင်းအား ရေကန်အတွင်း အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ ကန်အောက်မျက်နှာပြင်မှ နှုံးမြေများဆယ်ယူကာ ဆေးပင်စိုက်ကွက် အသစ်များ ပြုလုပ်ခိုင်းခြင်းတို့ ဆောင်ရွက်ခိုင်းထားခဲ့သည်၊ ထို့နောက် ယခင်တစ်ခါက ရခဲ့သော အဆင့်မြင့်ဆေးပင် အစေ့များအား စိုက်ပျိုးစေပြီး တဖြည်းဖြည်းချင်းသာ ကြီးထွားစေရန် စိတ်စွမ်းအင်အရည် အပျော့စားဖြင့်သာ စိုက်ပျိုးထားစေခဲ့သည် ။

The Legendary Master's Wife (Myanmar Translation)Where stories live. Discover now