"မကြည့်ပါနဲ့လား ကျွင်းရှောက်၊ အခု
ကျွန်တော် တော်တော်ရုပ်ပေါက်နေတာ"

"စကားမပြောနဲ့..လျှာကိုက်မိမယ်"
လျန်ကျွင်းသည် သူ၏ချွေးစိုနေသောနဖူးကို
ထိကာ မမေးသင့်မှန်းသိသော်လည်း
မေးလိုက်မိသည်။

"ဦးလေးလုံ...နှိပ်တာက လိုအပ်လို့လား?"

ထိုအခါ ဦးလေးလုံသည် မဲ့ရွဲ့ကာ
"ကျွင်းရှောက်, ဒီလိုကုသမှုမျိုးကို ပူးပေါင်း
ဆောင်ရွက်ပေးဖို့ ခင်ဗျားလေး ငြင်းဆန်တာတင်
လုံလောက်နေပြီ။ ရှီကျင်းကိုပါ အကျင့်ပျက်အောင်
မလုပ်စမ်းနဲ့။ ဒီလိုအနှိပ်ကုထုံးက သေချာပေါက်
လိုအပ်တာပေါ့...မဟုတ်ရင် သူ့ကြွက်သားတွေ
သေချာမကုစားဘဲ ပြန်ကောင်းဖို့ အချိန်ပိုယူရ
လိမ့်မယ်။ ရှီကျင်းဘာသာရွေးချယ်ပါစေ...
အချိန်တိုတစ်ခုလောက် ခံစားမလား ဒါမှမဟုတ်
အိပ်ယာထဲ မလှုပ်မယှက်ဆက်လှဲနေချင်လား?"

"ဟင့်အင်း မရပ်ပါနဲ့ ဦလေးလုံ။ ကျွန်တော့်ရဲ့
အသံသေးအသံကြောင်တွေကို စိတ်ထဲမထားပါနဲ့"

ရှီကျင်းသည် စကားကိုအလျင်အမြန်ပြောင်းပြီး
လျန်ကျွင်းလက်ကိုယူကာ ဖွဖွလေးဆုပ်ကိုင်ရင်း
နှစ်သိမ့်ပေးသည်။
"ကျွန်တော်အဆင်ပြေတယ် စိတ်မပူပါနဲ့။
ကျွန်တော့်ပါးစပ်က လွယ်လွယ်ပိတ်မရမှန်း
ခင်ဗျားလည်းသိတာပဲ"

လျန်ကျွင်းမှာ မျက်မှောင်ကြုပ်ဆဲဖြစ်သော်လည်း
ဘာမှထပ်မပြောတော့။ရှီကျင်း၏ချွေးများကို
ပဝါဖြင့်သုတ်ပေးကာ အနောက်နည်းနည်းဆုတ်ပြီး
ဦးလေးလုံအား ဆက်လုပ်ဖို့ လက်ဟန်ပြလိုက်
တော့သည်။

"လိမ္မာတယ်...မင်းသာလက်ခံပူးပေါင်းရင်
ပိုမြန်မြန်နေကောင်းသွားမှာ"

ဆရာဝန်၏အမူအရာလည်း ဖြေလျော့သွားလေသည်။
ရှီကျင်း၏ကျောဘက်ကိုနှိပ်လို့ပြီးပြီဖြစ်၍
သူသည် ရှီကျင်း၏ဘောင်းဘီသရေကြိုးကိုကိုင်ပြီး
ညဝတ်ဘောင်းဘီကို ရုတ်တရက်ဆွဲချလိုက်ရာ
အတွင်းခံလေး ပေါ်လာတော့သည်။

ရှီကျင်းသည် ရှော့ရသွားကာ ဖားတစ်ကောင်လို
ယက်ကန်ယက်ကန်ဖြင့် တွန့်လိမ်ပြီး
ဦးလေးလုံအား မယုံနိုင်စွာ ခေါင်းလိမ်ကြည့်သည်။

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now