အပိုင်း(၂၈)-စုံစမ်းစစ်ဆေးရေးခေါင်းဆောင် Vs ခြေတံရှည်ရှည် ကျင်ဟွား

Start from the beginning
                                    

စီယာတိုင်ကိုင်ထားသောယန်ရှယ် : ".........."

ကားနောက်ခန်းမှ ဟန်ရှောင်မိန် :  ".........."

နှစ်ဦးလုံး၏ မျက်နှာအမူအရာမှာ ဉာဏ်အလင်းပေါက်သွားသည့်အလား။

"ဒါပေမဲ့ ဒီသဲလွန်စက နက်နဲလွန်းမနေဘူးလား။ သူ့ရဲ့အကြံပေးဆရာတောင် သတိမထားမိခဲ့ဘူးလေ။ ရှင်နားလည်မှုမလွဲဘူးဆိုတာသေချာလို့လား?"

ဟန်ရှောင်မိန်လည်း မနေနိုင်တော့ဘဲ မေးလေ​၏။

"သူကိုယ်တိုင်လည်း မူးယစ်ဆေးဝါးထုတ်လုပ်မှုမှာ ပါဝင်ပက်သက်နေသူ တစ်ယောက်ဖြစ်ပြီး ဒီစာအုပ်တွေကို ကိုးကားချင်လို့ဖတ်တာရော မဖြစ်နိုင်ဘူးလား?"

ကျန်းထင်​​၏ အဖြေကား တစ်ရာရာခိုင်နှုန်း ချောမွေ့နေသည်။

"အဲ့လိုလုံးဝမဖြစ်နိုင်ဘူး။ အကြောင်းပြချက်နှစ်ခုရှိတယ်။ meth ထုတ်လုပ်တဲ့လုပ်ငန်းစဉ်က တော်တော်လေးရိုးရှင်းတဲ့အတွက် ဓာတုဗေဒမှာ တစ်ဖက်ကမ်းခပ်အောင်တော်တဲ့ ချူစင်လိုလူအဖို့ ဘာကိုးကားစာအုပ်မှမလိုနိုင်ဘူး။ သူ့အဆင့်နဲ့ဆို သူ့ဟာသူ မီးဖိုချောင်ထဲမှာတောင် အပျင်းပြေ ထုတ်လိုက်လို့ရတယ်__ဒါက ပထမအချက်။"

"ဒုတိယတစ်ချက်အနေနဲ့ ငါချူစင်ရဲ့ မှတ်စုတွေကို ဖတ်ကြည့်တဲ့အခါ သူ့မှာ စိတ်ကစဉ့်ကလျား ရောဂါ အပျော့စား ရှိပုံပေါ်တယ်။ တစ်နည်းအားဖြင် OCD ပေါ့။ အထူးသဖြင့် သူစာရွက်ရဲ့အလျားလိုက်မျဉ်းကြောင်းပေါ်မှာ ဒေါင်လိုက်စုတ်ချက်တစ်ခုဆွဲတဲ့အခါတိုင်း မျဉ်းကိုထိတာနဲ့ တိခနဲ ရပ်လိုက်လေ့ရှိတယ်။ ဥပမာ 'T' ရေးတဲ့အခါမှာ ဒုတိယစုတ်ချက်က စာရွက်ရဲ့အလျားလိုက်မျဉ်းနဲ့ အမြဲထိနေပြီး တိတိကျကျကြီးကို ထောင့်မှန်ဖြစ်တာမျိုးပေါ့။ သူ့ရဲ့ မှတ်စုတွေအားလုံးကို သေသေချာချာ လိုက်ကြည့်လိုက်ရင် ဒေါင်လိုက်မျဉ်းမှန်သမျှ အဲ့လိုဖြစ်နေတာကိုတွေ့ရလိမ့်မယ်။ တကယ်လို့ထောင့်တွေက နည်းနည်းလေးယိုင်နေခဲ့မယ်ဆိုရင် correction ရည် နဲ့အတင်းဖျက်ပြီး မရရအောင်ပြင်ထားတယ်။"

ကားနောက်ခုံမှ စာရွက်လှန်သံတရွှမ်းရွှမ်းထွက်ပေါ်လာပြီးနောက် ဟန်ရှောင်မိန်​၏ ခေါင်းမှာ ပေါက်ထွက်မတတ် ဖြစ်သွားရပြီး အံ့ဩမှုဖြင့် အော်မိလေသည်။

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now