Part (33) ( အခုပဲ ကြောင်ငပျင်းလေး ရှိတဲ့နေရာ လိုက်သွားတော့မယ် )

Bắt đầu từ đầu
                                    

" သား အစားလေးတော့စားပါဦး ၊ မင်းဒီလိုလုပ်နေလို့မှမဖြစ်တာ ၊ မေမေ့ကိုတံခါးဖွင့်ပေးပါ ၊ ထမင်းကျွေးချင်လို့ သား! "

" သခင်မကြီး ၊ ဒေါ်ဝင်းတစ်ခုပြောပါရစေ ၊ သခင်လေးကိုလွှတ်ထားပေးလိုက်ပါ ၊ သူ့အမှားတွေကို သူပြန်သုံးသပ်နေတာဖြစ်ပါလိမ့်မယ် ၊ အတင်းလုပ်ယူလို့ရတဲ့ကိစ္စမဟုတ်တာ သခင်မကြီးသိရဲ့သားနဲ့ ၊ ခဏပဲဖြစ်ဖြစ် သူတစ်ယောက်ထဲနေပါစေ "

" ဒါပေမယ့် "

" လာပါ သခင်မကြီး ၊ အချိန်ပေးလိုက်ပါ "

သားအခန်းတံခါးကို လှည့်ကြည့်လှည့်ကြည့်လုပ်ရင်းနှင့် လေးနွယ်ရွှေ သူမ၏အခန်းထဲသို့ပြန်သွားခဲ့သည်။ သားအရမ်းစိတ်ထိခိုက်နေတာဖြစ်ရမည်။

မှောင်မဲနေသည့်အခန်းတစ်ခုထဲမှာ မသဲကွဲသည့်ငိုသံတစ်ခုက သေသေချာချာနားစွင့်မှကြားရမည့်အလား ရှိနေသည်။ အိပ်ယာကြီး၏ ခြေရင်းမှ ဆိုဖာခုံပေါ်တွင်ထိုင်နေသူ၏ ရင်ဘက်အစုံက နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။ အခန်းအတွင်းထဲက လေထုတွင် အောက်ဆီဂျင်နှင့်အတူ နောင်တတရားများနှင့် အပြစ်တင်စိတ်များရောထွေးနေ၏။ အမှန်တရားကို သိပြီးချိန်မှစပြီး သူ့အတွေးတွေက အတိတ်ဆီကိုသာပြန်ရောက်နေသည်။

မှိုင်းညို့က သူ့အား ဆယ်နှစ်နီးပါးချစ်လာခဲ့တာ သူဘာလို့မရိပ်မိခဲ့ရတာလဲ။ အနားမှာရှိနေခဲ့တာတောင် မှိုင်းညို့၏ခံစားချက်များကိုသတိမပြုမိသည်အထိ သူတုံးအနေခဲ့တာ။ မှိုင်းညို့ သူ့ကိုချစ်နေခဲ့မှန်းမသိတဲ့အပြင် သူ့အရှေ့မှာတောင် ဟေမာန်စိုးနှင့် ချိန်းတွေ့နေခဲ့သေးတယ်။ ချိန်းတွေ့သည့်နေရာအထိ သူ့ကိုခေါ်သွားခဲ့ပြီး သူ့စိတ်ကိုတစ်ချိန်လုံးညှင်းပန်းနေခဲ့မိတာ။ ဟေမာန်စိုးတစ်ယောက် မှိုင်းညို့ကို သဘောမကျရသည့်အကြောင်းအရင်းကို သူတစ်လျှောက်လုံးရှာဖွေခဲ့ပေမယ့် မသိခဲ့ပေ။ သတိမမူမိတာထက် အလေးမထားခဲ့ခြင်းဖြစ်သည်။ ဟေမာန်စိုးက မှိုင်းညို့ကို စတွေ့တည်းက ပြိုင်ဘက်လို သဘောထားနေခဲ့တာပဲ။

" တည်မြဲကမ္ဘာ ငါ့ကိုကြိုက်သလိုအနိုင်ကျင့်လို့ရပေမယ့် ၊ ဒီနည်းလမ်းကိုတော့မသုံးပါနဲ့လား "

ASTILLBE (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ