Part (33) ( အခုပဲ ကြောင်ငပျင်းလေး ရှိတဲ့နေရာ လိုက်သွားတော့မယ် )

Start from the beginning
                                    

" ဟုတ်ကဲ့ ဦးခန့် "

ဦးခန့်အခန်းထဲကထွက်သွားကာမှ ညို့မဂ္ဂဇင်းစာအုပ်တစ်အုပ်ကိုယူကာဖတ်နေလိုက်သည်။ ကြာတော့ပျင်းရိလာ၍ ၊ ဖုန်းထဲမှာရှိသည့် ပုံလေးတွေကိုပဲ တစ်ပုံချင်းလိုက်ကြည့်နေလိုက်၏။ အများဆုံးရှိတာကတော့ မောင့်ပုံတွေပဲဖြစ်သည်။ ကျောင်းတုန်းကအမှတ်တရတွေက အခုလက်တွေ့ထက်တောင် ပိုများနေသလားလို့။

အရင်က မရင့်ကျက်သေးသည့်မောင်နှင့် အခုလက်ရှိ companyတစ်ခုကို ဦးစီးဦးဆောင်ပြုနေသည့်မောင်က အတူတူပဲဟုသူထင်သည်။ မောင်က ထင်သလောက်လည်းမရင့်ကျက်သေးပေ။ ကလေးဆန်ချင်တုန်းဖြစ်သည်။ လူငယ်ဆန်ဆန်မျက်နှာပေါက်နှင့် ဝန်ထမ်းတွေရှေ့ဆို တည်တင်းနေတတ်သည့်ယောကျာ်းဆန်ဆန်မျက်နှာကျ။ ဘယ်လိုပုံစံပဲဖြစ်ဖြစ် သဘောကျရသည်။

ယောကျာ်းဆန်ဆန်အငွေ့အသက်တွေနှင့် မောင့်ရင်ခွင်တွင် အိပ်ခွင့်ရသည့်ညတိုင်းက ၊ သူဆယ်နှစ်နီးပါး ၊ တစ်ညမှမပျက်မကွက်ဆုတောင်းခဲ့ရသည့် အချိန်ကာလများကိုပြန်သတိရစေသည်။ မောင့်ထွေးပွေ့မှုများနှင့် မောင့်အနမ်းရိုင်းများကိုတွေးမိသော် နားရွက်လေးများပူထူလာရသည်။

" ဘာတွေတွေးနေမိတာလဲ! "

မောင့်ရင်အုပ်ကျယ်နှင့် ချွေးစို့နေသော လက်မောင်းကြီးများ။ အကြောပြိုင်းပြိုင်းထနေသည့် နားထင်ကြောများနှင့် လက်ဖျံကြောများ။ ရူးခါလောက်သည်။

" အာ လူဆိုးပဲ အတွေးထဲထိတောင် "

ရှက်ရှက်နှင့်အတွေးစတို့ကိုသိမ်းလိုက်ရသည်။ သူလည်းယောကျာ်းတစ်ယောက်ပါပဲ ၊ ဆက်တွေးရင် ရှေ့ဆက်ပြီး ဘာတွေမြင်ယောင်လာမလဲ သူသိနေသည်။ သူ့အထိအတွေ့တွေ ၊ သူ့အနမ်းတွေကို လွမ်းနေမိတာတော့အမှန်ပါ။ မောင်တစ်ယောက် အလုပ်တွေများအလွန်အကျွံလုပ်ပြီး ပင်ပန်းနေမလား။ အစားရောပုံမှန်စားရဲ့လား ၊ အိပ်ပျော်ရဲ့လားဆိုတာ သူသိချင်မိသည်။ မောင်က သူမရှိရင် အိပ်မပျော်ဘူးဟု ပြောခဲ့ဖူးသည်လေ။

<<<<<<
>>>>>>

ဒေါ်လေးနွယ်ရွှေ တငိုငိုတရယ်ရယ်ဖြစ်နေရသည်။ ဆေးရုံကဆင်းတည်းက သားက စကားတစ်ခွန်းမှမပြောတော့ပေ။ အခန်းထဲမှာတစ်ချိန်လုံးအောင်းနေပြီး အစားလည်းမစား။ ဒီအကြောင်းအရာတွေက သားအပေါ်အကျိုးသက်ရောက်မှုကြီးလိမ့်မည်ဟု မထင်ခဲ့မိပေ။

ASTILLBE (Completed)Where stories live. Discover now