ရှောင်းကျန့်ရေချိုးခန်းထဲကပြန်ထွက်လာတော့သူ့လိုပဲညအိပ်လဲပြီးသည့်ရိပေါ်ကကုတင်ပေါ်မှာပန်ဒါဝတ်ဝံရုပ်လေးပိုက်လို့ငုတ်တုပ်ကလေး။မျက်လုံးမှေးမှေးလေးတွေနဲ့ငေးငေးလေးကြည့်နေသည်မို့ရှောင်းကျန့်မနေတတ်မထိုင်တတ်ဖြစ်လာရသည်အထိ။

"ကိုယ်ဝတ်ထားတာအဆင်မပြေလို့လား..."

"ဗျာ!...မဟုတ် ကြည့် ကြည့်ကောင်းတယ်..."

လှုပ်လှုပ်ရှားရှားအကြည့်လွှဲသွားသည့်ကောင်လေးကြောင့်ရှောင်းကျန့်ရေးရေးပြုံးရင်းကုတင်အစွန်းမှာဝင်ထိုင်လိုက်တယ်။ရိပေါ်ကအသာလေးစောင်းငဲ့ကြည့်ပေမဲ့ဘာမှတော့မပြောဘူး။အဆောင်ခန်းတခန်းတည်းအတူနေကျပေမဲ့ ယခုအခြေနေကတကုတင်တည်းမှာမို့အနည်းငယ်စိမ်းသက်နေသယောင်။မသိရင် မဂ်လာဦးညကိုနှဖူးတွေ့ဒူးတွေ့ကြုံဆုံနေရသည့်နှယ် တယောက်အနားတယောက်မတိုးရဲမကပ်ရဲ။

"ဖန်းဝေက ကောင်လေးကိုတောင်းပန်ချင်တယ်တဲ့..."

"ဟုတ်!..."

"ကိုယ်ချစ်ပေးမှာမို့ သူ့ဘက်ကကောင်လေးကိုလက်လျော့ပါ့မယ်ပြောတယ်..."

"အွန်း!..."

အခန်းလေးခတ္တတိတ်ဆိတ်သွားတယ်။ရှောင်းကျန့်ကဒူးနှစ်ဖက်ပေါ်လက်ချောင်းတွေလှုပ်ရှားနေရင်းရိပေါ်ကလည်းငြိမ်ငြိမ်ကလေးစကားမဆိုပဲ ရှိနေတာမို့ထိုဝန်းကျင်မှာ မိုးကျသံသာကြီးစိုးလျှက်ရှိတယ်။ခဏကြာတော့မနေနိုင်သည့်ရှောင်းကျန့်ကပဲစကားစရတော့တယ်။

"ကောင်လေးအိပ်ချင်ပြီလား အိပ်တော့လေ..."

"အကိုကရော..."

"ကိုယ်ကကိစ္စမရှိဘူး ကုတင်အောက်မှာဆင်းအိပ်လည်းဖြစ်တယ်..."

"ဟာ!...မအိပ်ရပါဘူး...အကိုကုတင်ပေါ်မှာအိပ်...ကျွန်တော်အောက်မှာပဲအိပ်ရာခင်းပြီးအိပ်လိုက်မယ်..."

"ဟာ!...ဟိတ်!..."

"အင့်!..."

ခေါင်းအုံးတလုံးဆွဲပြီးတကယ်ကြီးအောက်ဆင်းအိပ်ဖို့လုပ်နေသည့်ဟာလေးကြောင့်လက်မောင်းနှစ်ဖက်ကိုသာသာလေးဖိကိုင်ရင်းကိုယ်ပါကြွလို့လှမ်းဟန့်လိုက်မိတော့နှစ်ယောက်သားထပ်လျှက်မွေ့ယာထူထူလေးပေါ်အိခနဲ။မျက်နှာချင်းကပ်လျှက် နှာဖျားချင်းကထိလုမတက် မျက်ဝန်းတို့ကတတန်းတည်း။

LOVE ME,OK![Complete]Where stories live. Discover now