သူ့ကိုဦးတည်ကာ မကျေမနပ်ပြောရင်း အနားသို့ရောက်လာသော ကလေးတွေအမေကြောင့် သူက ဖောရှောရိုက်ကာ ရူးချင်ယောင်ဆောင်လိုက်ရသည်။

"နိုရာ ကိုကို့ကို အာဘွားပေးလိုက်ပါဦး..."

"အာပွား..."

အာပွားပေးရသည်ကို အရှိန်ကောင်းနေသောနိုရာက သူမ၏အစ်ကိုကိုတွေ့သည်နှင့် ချက်ချင်းလက်ငင်းတန်းပေးလေသည်။နေသန်ကတော့ ကျေနပ်နေသောမျက်နှာလေးနှင့် သူ့ညီမကိုကြည့်ကာ မပြုံးတုံ့ပြုံးတုံ့လေး လုပ်နေသည်။သို့နှင့် ရွှေခေတ်က နို့ရာ့ပါးပြင်လေးကိုစမ်းကြည့်လိုက်ရင်း အေးစက်နေသည်ကိုမတွေ့ရမှ ထပ်မပြောတော့ဘဲ သူ့ကိုမျက်စောင်းထိုးကြည့်ကာ

"ဒီတစ်ခါ ကလေးတွေဖျားလို့ကတော့ ကို့ကို တစ်လလောက္မချီခိုင်းဘဲ နေခိုင်းလိုက္မှာ..."

"ခဏတဖြုတ်ထွက်တာက ဘာမှမဖြစ်ပါဘူး သဲရဲ့..။ကလေးတွေကြိုက်ကြတာကို အမြဲတမ်းကြီး တားမြစ်မထားချင်ဘူး...။တခါတလေလောက်လေးတော့ နေလို့ရပါတယ်..."

သူမက ဘာမှမပြောတော့ဘဲ ဆိုဖာရှိရာကိုထွက်သွားသောကြောင့် လက်ခံသွားပြီဆိုတာသိလိုက်ရလျှင် နောက်ကနေ အသာပြုံးကာ လိုက်သွားလိုက်သည်။ထို့နောက် နိုရာ့ကို သူမဆီလှမ်းပေးကာ ဆိုဖာပေါ်မှာထိုင်နေသောနေသန်ကိုတော့ သူကရင်ခွင်ထဲထည့်ပြီး ဝင်ထိုင်လိုက်သည်။

"ဒီနေ့ ဘာစာအုပ်တွေဖတ်ခဲ့တာလဲ ဖေဖေ့ကိုပြောပြပါဦး...။အပင်တွေအကြောင်းပဲ ဖတ်နေတုန်းလား..."

သူ့အမေးကြောင့် နိုရာ့ကို တဖွဖွနမ်းရှုပ်နေသောသူမက နေသန့်ခေါင်းလေးကိုလှမ်းပွတ်သပ်လိုက်ရင်း

"ဒီနေ့ Dumbo အကြောင်းဖတ်လာတာ...။ဟိုတစ်နေ့က မြို့ထဲသွားရင်းနဲ့ အလှူလှည့်တဲ့နေရာမှာ ဆင်တွေ့ခဲ့တယ်မို့လား...။ကိုယ်တော်ချောက ကားပေါ်ကနေ ဆင်ကို လည်ပြန်တွေတောင်ငေးနေလို့ ဒီနေ့ Dumbo ဖတ်လာရတာ...။နားထောင်နေတာများ ငြိမ်နေတာပဲ မေ့သားလေးက.."

"ဟုတ်လား...အဲ့ဒါဆို ဒီတစ်ပတ်အတွက် နေသန်ရဲ့ သတင်းခေါင်းစဉ်က Dumbo ဖြစ်နေတော့မှာပေါ့..။နောက်ရက်ကျမှ တကယ့်ဆင်အစစ်ကို သေချာလိုက်ပြရဦးမယ်..."

You are the only Exception!Where stories live. Discover now