"ဖေဖေ..."

လမ်းလျှောက်ရင်း ညောင်းသွားပြီဖြစ်သောနိုရာက လက်လေးမြှောက်၍ သူ့ကိုချီခိုင်းလျှင် သူကပွေ့ချီလိုက်ကာ ဝရန်တာအဆုံးဘက်လက်ရန်းနားဆီသို့ ကပ်လာခဲ့လိုက်သည်။ထို့နောက် ပါးဖောင်းဖောင်းလေးကို သူ့ပါးနှင့်ကပ်ထားကာ ထင်းရှူးတောကိုကြည့်နေမိရင်း စိတ်တွေက ဒီနေရာမှာ သူ Propose လုပ်ခဲ့သည့်အချိန်ကို ရောက်သွားလေသည်။

ထိုစဉ်က သူ့ကို မတတ်သာ၍ လက်ခံလိုက်ရသော်လည်း မကြည်ဖြူသောသူမနှင့်အတူ ဒီဝရန်တာမှာ နေဝင်ချိန်ကို အတူကြည့်ခဲ့ဖူးသည်။အတူကြည့်သည်ဆိုတာထက် သူ့ရဲ့အလုံးစုံသောအာရုံတွေက သူမဆီမှာသာနစ်ဝင်ကာ ကျန်တာဘာကိုမှသတိမထားမိခဲ့ဘဲ သူမနှင့်အတူရှိနေရသည့် အခိုက်အတန့်လေးအား မက္မောခုံမင်စွာဖြင့် ရင်ခုန်လှိုက္မောနေခဲ့ရခြင်းသာဖြစ်လေသည်။ထိုအချိန်က စိတ်ကူးယဉ်ခဲ့ဖူးသော သူ့ရဲ့အတွေးကမ္ဘာထဲတွင် သူနှင့်သူမ၏သွေးသားလေးတွေနှင့်အတူ ချိုမြိန်နွေးထွေးဖွယ်ရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ချင်သည့်အတွေးလည်း ပါဝင်ခဲ့ဖူးသည်။အခုတော့ စိတ်ကူးခဲ့သည့်အတိုင်း ပိုင်ဆိုင်နေရပြီဖြစ်သော သွေးသားလေးတွေက တစ်ခါတည်းနှင့် နှစ်ယောက်တောင်ပင်။

တွေးရင်းနှင့် ရင်ထဲလှိုက်နေအောင် ကြည်နူးပီတိဖြစ်သွားရသောသူက ချစ်ရလွန်းစွာပင် နိုရာ့ပါးလေးအား နစ်ဝင်နေအောင် နမ်းပစ်လိုက်သည်။ထိုအခါ သူ့ကို မျက်လုံးစူးစူးလေးတွေနှင့် ပြန်ကြည့်လာသောနိုရာက လုပ်ခိုင်းစရာမလိုအောင် တတ်လွန်းလှစွာပဲ ချစ်စရာအပြုအမူလေးကို ပြန်လည်တုန့်ပြန်လာသည်။

"အာ...ပွား.."

"အဟွန်း...နိုရာ ဖေဖေ့ကို အာဘွားထပ်ပေးပါဦး..."

"အာ ပွား.."

"နောက်တစ်ခေါက်..."

"အာပွား..."

ထိုသို့ဖြင့် အဖေနှင့်သမီး အပေးအယူမျှတစွာ သာယာကြည်နူးနေကြစဉ်

"ဘာလို့ ဝရန်တာထွက်နေကြတာလဲ...။လေစိမ်းတွေတိုက်လို့ မထွက်ပါနဲ့ပြောထားတာကို စကားလဲနားမထောင်ဘူး..."

You are the only Exception!Where stories live. Discover now