မာန၏ အခြားတစ်ဖက် 🌟 Part - 46

Start from the beginning
                                    

" ကျွန်တော်နားလည်ပါတယ် .... တစ်လောကလုံးကလူတွေ ဦးမာန်ကို နားမလည်ရင်တောင် ကျွန်တော်ကတော့ နားလည်ပေးနိုင်တယ်လေ .... အဲဒါကြောင့် ဘာမှစိတ်မကောင်း မဖြစ်ပါနဲ့ .... နောက်ဆို
ကျွန်တော်က ဦးမာန် အနားမှာပဲနေမယ် .... ဦးမာန်
အတွက်ပဲတွေးမယ် ..... နောက်ပြီး ကျွန်တော်ချစ်နိုင်သလောက် အချစ်တွေနဲ့ အစွမ်းကုန်ချစ်ပေးပါ့အယ် "

" ကျေးဇူးပါ လွှမ်းငယ်ရယ် .... တကယ်ကျေးဇူးပါ "

" ကျွန်တော်ကသာ ဦးမာန်ကို ကျေးဇူးတင်ရမှာပါ...
ပြန်လာပေးလို့ ကျွန်တော့်ဆီကို အခုလိုပြန်လာပေးလို့ .... ပြောမပြတက်အောင် ကျေးဇူးတင်ပါတယ် "

စကားအဆုံးမှာတော့ ဦးမာန်က ကိုယ့်မျက်နှာကို သူ့လက်လေးနဲ့ဆွဲမော့စေလိုက်ပြီး ကိုယ့်ဆံပင် ၊ ကိုယ့်နှာဖူး ၊ ပြီးတာနဲ့ မျက်ဝန်းလေးတွေကိုပါ အသာဖွဖွနမ်းလာပါတယ် ။ အဲကနေတဆင့် ပါးပြင်တွေ ၊ နှာခေါင်းရိုးတစ်လျှောက် သူ့နှုတ်ခမ်းတွေနဲ့ မြတ်မြတ်နိုးနိုးနမ်းရှိုက်လာပြီး နောက်ဆုံးမှ ကိုယ်နှုတ်ခမ်း
လေးတွေကို ငုံစုပ်လာတဲ့အချိန် လွှမ်း ကိုယ်တိုင်အဲ
အဲအနမ်းတွေအပေါ်မှာ သာယာရစ်မူးလို့ ။

မြတ်နိုးမှုကြောင့် ဖြစ်တည်လာတဲ့အနမ်းတွေက ကြမ်းတမ်းမှု အလျင်းမရှိပဲ ယုယုယယ နဲ့ ငြင်ငြင်သာ
သာ ။ ဘယ်သူက ထင်မှာလဲ ။ ဦးမာန်လို လူတစ်ယောက်က ဒီလောက်တောင် ငြင်သာပြီးချစ်ပေးတက်မယ်လို့ ။ နောက်ပြီး သူချစ်ပေးတဲ့သူက ကိုယ်ဖြစ်နေလိမ့်မယ်လို့ ။ တကယ်ကြည်နူးစရာ ခံစားချက်လေးပါပဲလေ ။

<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>

လွှမ်းငယ်ရေ! !!!! လေဆိပ်သွားမှာလား .... ရှုတင်
ကိုသွားမှာလား .... ဘာတွေအဲလောက်တောင်ပြင်ဆင်နေတာတုန်း "

လေဆိပ်သွားဖ်ို့ပြင်နေတဲ့ ကိုယ့်ကို အခန်းထဲဝင်လာ
ပြီးမေးတဲ့ ဦးမာန်ကြောင့် လွှမ်း ရီချင်လာပါတယ် ။
မမ မင်္ဂလာဆောင်ပြီးထဲက လွှမ်း ဦးမာန်ဆီတစ်ခါထဲပြောင်းလာတာ ။ နယ်က ခြံကိုတော့ လူငှါးတွေနဲ့ပဲထားပေမယ့် ဦးမာန်က ရောင်းစေချင်နေပြီ ။

မာန၏ အခြားတစ်ဖက် 🌟 မာန၏ အခြားတစ်ဖက် ( Completed)Where stories live. Discover now