Part (31) ( Loving You )

Start from the beginning
                                    

" ဟင့် ဘယ်လိုပဲဖြစ်ဖြစ်ပါကွယ် သားညို့ကို အမေသနားလည်းသနားတယ် ၊ သားကို အမေ့သားအရင်းလေးလို သဘောထားတာပါ ၊ ပိုးမေကလည်း သူမဆုံးခင် သားကိုအမေ့လက်ထဲ စိတ်ချလက်ချအပ်ခဲ့တာပဲလေ "

ဒေါ်လေးနွယ်ရွှေ ထပ်ပြီးငိုမိသည်။ ညို့လည်းကြံရာမရဖြစ်သွားကာ ယောက္ခမဖြစ်သူ၏ လက်ကိုဖွဖွဆုပ်ကိုင်ရင်း အသံတိတ်ချော့နေမိသည်။ လူဆိုတာလည်း ချော့ရင်ပိုငိုတတ်ကြတယ်မဟုတ်လား။ ထို့ကြောင့် ဒေါ်လေးနွယ်ရွှေစိတ်ငြိမ်တဲ့အထိစောင့်နေပေးလိုက်၏။ ခဏကြာတော့ အငိုတိတ်သွားပြီး ညို့ကို မော့ကြည့်လာသည်။

မောင့်မေမေ၏ မျက်ခုံးတန်းများ ၊ မျက်လုံးနှင့် နှုတ်ခမ်းများက မောင်နှင့်တော်တော်လေးတူသည်။ မောင့်ဖေဖေကိုတော့ ညို့ဓာတ်ပုံထဲမှာပဲမြင်ဖူးသည်။ မောင့်ဖေဖေက အနောက်တိုင်းသားစစ်စစ်ဖြစ်သည်။ မောင့်ဖေဖေ၏ အရပ်အမောင်း ၊ ခန္တာကိုယ်တည်ဆောက်ပုံနှင့် မျက်နှာကျတို့က မောင်နှင့်တထေရာထဲ။ မောင်က အမေထက် အဖေတူသားဖြစ်သည်။

" အမေမငိုနဲ့တော့နော် ၊ ကျွန်တော်အဆင်ပြေမှာပါ ၊ အမေကျန်းမာရေးဂရုစိုက်နော် ၊ ကျွန်တော် နယ်သာလန်ကိုလည်း ခဏပြန်ချင်သေးတယ် ၊ ဖေဖေ့ကိုတွေ့ချင်လို့ပါ "

" USကနေ တိုက်ရိုက် နယ်သာလန်ကိုပြန်မှာလား သားညို့ ၊ ခရီးဝေးကို တစ်ယောက်ထဲစိတ်မချဘူးကွယ် ၊ မသွားပါနဲ့ဦး ၊ ပြီးတာနဲ့ ဒေါက်တာမင်းခန့်ကျော်နဲ့ အတူပြန်လာခဲ့ပါနော် "

ဖေဖေက မောင်နှင့်လက်ထပ်ထားတာကိုသဘောမကျ။ ညို့နယ်သာလန်ပြန်ရောက်ရင် ဖေဖေက ပြန်လွှတ်မှာမဟုတ်တာ အမေကြိုရိပ်မိပုံပေါ်သည်။ ဒါလည်း မှန်သည်။ ဖေဖေ့ကိုပြန်တွေ့ရင် ဖေဖေက မောင်နှင့်သူအဆင်မပြေလို့ပြန်လာသည်ထင်သွားမှာ။ ဖေဖေက သိပ်ပါးနပ်သည်။

" ဟုတ်ကဲ့ပါမေမေ ၊ မောင့်ကိုလည်း ကျွန်တော်နယ်သာလန်ပြန်မယ်ပဲပြောထားပါတယ် "

ဒေါ်လေးနွယ်ရွှေခေါင်းငြိမ့်လိုက်သည်။ သူမကိုယ်တိုင်လိုက်သွားချင်ပေမယ့် သူမက နှလုံးရောဂါသည်မို့ လေယာဉ်မစီးနိုင်ပေ။ အသက်အရွယ်လေးရလာတော့ ကျန်းမာရေးကလည်းချို့ယွင်းလာဟန်တူသည်။

ASTILLBE (Completed)Where stories live. Discover now