မျက်နှာတစ်ခုလုံးကိုသွေးချင်းချင်းရဲစေချင်ပါအုန်း
နာကျင်သွားမှာကို ကြောက်သော
ပုံစံငယ်သည်...မောင့်ကိုသတ်လာသည်။

အဆိပ်လူးမြှားကြောင့်ဘယ်အတိုင်းအတာအထိ
နာကျင်ကာသေဆုံးခဲ့ရမှန်းအသိဆုံးက
Jeomငယ်လေးဝိဥာဉ်မို့ ခလုပ်..လေးတစ်ချက်
တောင်မတိုက်စေချင်တော့သောမေတ္တာမျိုးတွေ
မောင့်မှာ ယောင်းအတွက် အပြည့်အဝရှိခဲ့ပါတယ်။

သူ့ကိုနာကျင်မှုတွေနဲ့ဝေးဝေးမှာနေစေချင်ပါတယ်ဆိုမှ
လက်နဲ့သတ်မိအောင်.....။

ခွမ်းးးးးး

"မောင်!!!!!"

မောင်သည် မလုပ်နိုင်ခဲ့ပါ....ဒီမျက်နှာလေး
ကိုဘယ်လိုမှမလုပ်နိုင်ခဲ့တာကြောင့်ခွမ်းခနဲ
ကြွေစတွေ လွှင့်စင်မှုနဲ့အတူ သွေးရဲရဲတွေစီးလာသော
နေရာသည် မောင့်မျက်နှာပေါ်ကို.....။

နံရံကပ်ကာ ကြောက်နေသောဆိုင်သူလေး
သည်သွေးရူးသွေးတန်းပြေးလာကာမောင့်လက်မောင်း
ကိုဆွဲတော့ အထိမခံ မောင်တွန်းပစ်လိုက်သော
အရှိန်သည် ယောင်းထက်ပြင်းထန်ပါသည်။

"Jimin..!!!!"

မျက်နှာတည့်တည့်ကိုလက်ပြန်နှင့်ရိုက်ချမိသလို
ဖြစ်ကာဆိုင်သူလေးသည် အရုပ်ကျ်ိုးပြက်
ကြမ်းပြင်ပေါ်ပစ်လဲကျသွားသည်။

TaeHyungသည် မရရအောင်ထကာ
Jimin ဆီပြေးသွားဖို့ရွယ်လိုက်ချိန်
မောင်သည် ယောင်း လည်တိုင်တွေကို
ဆွဲကိုင်ကာ သွေးစက်စက်ကျနေသော မျက်နှာ
ဖြင့် နံရံမှာ ပြေးကပ်လိုက်သည်။

လည်ပင်းကိုညှစ်ထားတာမျိုးမဟုတ်ပေမယ့်
ယောင်းဘက်က တစ်ချက်ရုန်းတာနှင့်
တင်းပစ်သည်။ဒါသည် အတင်းရုန်းကန်ထွက်
ရင်လည်ပင်းညှစ်မယ်ဆိုတဲ့သဘောတရားမျိုး..။

မောင်သည် TaeHyungကိုသွေးတွေတောက်
လျှောက်စီးကျနေရင်းက စကားတစ်ခွန်းမှ
မဆိုပဲ မျက်လုံးတွေနဲ့ပင် မေးခွန်းပေါင်းများစွာ
မေးနေသည်။ မောင်အလွန်ကြေကွဲဝမ်းနည်းနေကာ
ဒေါသမီးလျှံတွေလည်းအစွမ်းကုန်တောက်လောင်
နေလျှက်....ဘယ်သူပြောပြောမယုံခဲ့တာ....။
ဘယ်လိုပဲဖြစ်ဖြစ် ဖြူစင်ခဲ့တယ်လို့ပဲအစဉ်အမြဲ
သတ်မှတ်ခဲ့တာ....။

မောင်Where stories live. Discover now